Headlines News :
Home » » ဝန်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ လူ့ဘောင် သစ်ပါတီ တွေ့ ဆုံဆွေးနွေး

ဝန်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ လူ့ဘောင် သစ်ပါတီ တွေ့ ဆုံဆွေးနွေး

Written By လွင့်မောင်မောင် on Tuesday, June 26, 2012 | 8:45 AM


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ ကိုယ်စားလှယ် အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟော်တယ်မှာ တွေ့ဆုံနေကြစဉ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟော်တယ်မှာ ဒီကနေ့ နေ့လည်(၂)နာရီက ဒုတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မြတ်စိုးက သတင်း ပေးပို့ ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မတရားအသင်း အဖြစ် သတ်မှတ်ခံထား ရမှုကို ပယ်ဖျက်ရေးနဲ့ မြန်မာပြည်တွင်း လူ့ဘောင်သစ် ပါတီပြန်လည် အခြေချရေးတို့ကို ဒီကနေ့ ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပါတီအထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခုလိုပြောပါတယ်။

“အဓိကက ကျနော်တို့ပါတီအနေနဲ့ ဂုဏ်သိက္ခာရှိစွာ တိုင်းပြည်ထဲကို
ပြန်ပြီးတော့မှ ပြည်သူကို အလုပ်အကျွေးပြုတဲ့ ဒီမိုကရေစီရေး လုပ်ငန်းတွေ မှာ ကျနော်တို့ပါဝင်ဆောင်ရွက်ခွင့်ပေါ့ဗျာ။ အဲဒီဥစ္စာကို ကျနော်တို့တောင်းဆို တယ်၊ နောက်ပြီးတော့မှ ကျနော်တို့ပါတီကို တရားမဝင်ပါတီအဖြစ် သူတို့ ကြေညာထားတာ ကျနော်တို့ပါတီ ခေါင်းဆောင်တွေကို စွပ်စွဲထားတဲ့ ကိစ္စတွေ ကို သူတို့ဘက်က ပယ်ဖျက်ပေးဖို့ ကျနော်တို့ ဒီကိစ္စကို
တောင်းဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ရင် သူတို့က ဒီကိစ္စတွေ ကို
ဆောင်ရွက်ပေးဖို့ သူတို့ဖြစ်နိုင်ပါတယ်ပေါ့၊ မတရားအသင်း ကြေညာထား
တဲ့ ဟာကို ပယ်ဖျက်ပေးဖို့”

လူ့ဘောင်သစ်အနေနဲ့ သမ္မတဦးသိန်းစိန်ထံ မိမိတို့ လုပ်ချင်တာတွေကို စာရေးသားဖို့ ဝန်ကြီးဦးအောင်မင်းက ပြောဆိုတာကြောင့် လူ့ဘောင်သစ် ပါတီအနေနဲ့ စာအမြန်ဆုံးရေးပြီး ဝန်ကြီး ဦးအောင်မင်းနဲ့အတူ တခါတည်း
ပေးလိုက်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က လည်း လူ့ဘောင်သစ် ပါတီကို ကြိုဆိုကြောင်း ပြောဆိုတယ်လို့ ဦးငွေလင်း
က ပြောပါတယ်။

လူ့ဘောင်သစ်ပါတီအနေနဲ့ ဒိမိုကရေစီ အ ပြောင်းအလဲတွေကို လူထုတွေနဲ့ အတူ ပီပီပြင်ပြင်ဆောင်ရွက် သွားမယ်လို့လည်း ဦးငွေလင်းက ဆက်ပြော ပါတယ်။

“ကနေ့အခြေအနေမှာ တိုင်းပြည်ဟာ သိပ်ကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ တုန်းပဲ။ နောက်ပြီးတော့မှ အပြောင်းအလဲတွေလည်း ပိုမိုပြီးတော့မှ ပီပြင်တဲ့ ဒီမိုကရေစီ ပီသတဲ့ အပြောင်းအလဲတွေ ဖြစ်ပွားစေချင်တယ်၊ အဲဒီလိုဖြစ်ဖို့ ဆိုလို့ရှိရင် လူထုကို အလုပ်အကျွေးပြုရင်းနဲ့ လူထုနဲ့အတူ ရပ်တည်ရင်းနဲ့ အဲဒီကိစ္စတွေထဲမှာ ကျနော်တို့ပါတီ ထဲထဲဝင်ဝင် ဆောင်ရွက်ချင်တယ်၊ ကျနော်တို့က လူထုကြားမှာ ပြန်နေမှ ပိုပြီး ပီပီပြင်ပြင် ဆောင်ရွက်နိုင် လိမ့်မယ်လို့ ကျနော်တို့ပါတီက ယုံကြည်တဲ့အတွက် ဒီကိစ္စကို ကျနော်တို့ အတတ်နိုင်ဆုံးပေါ့နော်။ မြန်မြန်ဆန်ဆန် ဖြစ်မြောက်အောင် ကျနော်တို့ ဘက်ကလည်း ဆောင်ရွက်သင့်တဲ့ကိစ္စတွေကို ဂုဏ်သိက္ခာရှိစွာပဲ
ဆောင်ရွက်သွားမယ်လို့ ကျနော်တို့ ပိုင်းဖြတ်ထားပါတယ်”

ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးတင်ဝင်းတို့တက်ရောက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဥက္ကဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီတွေ ဖြစ်ကြတဲ့ ဦးဇော်ဇော်ထွန်းနဲ့ ဦးတိုးတိုးထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template