Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်

ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်

Written By လွင့်မောင်မောင် on Friday, June 29, 2012 | 12:03 AM


ကမ္ဘာ့အလယ်မှာ မြန်မာလူမျိုးတွေ ဂုဏ်ရောင် ထွန်းပြောင်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ ပြည်သူလူထုခေါင်းဆောင်ကို ကျွန်တော်တို့ အားလုံး ထိုက်ထိုက်တန်တန် ကြိုဆိုဂုဏ်ပြုကြမယ်...

ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်
ဝေစန္ဒာ | ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ ခရီးလှည့်လည်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့
ပြန်လည် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်
လမ်းတလျှောက် ဝဲယာတွင် အင်္ကျီ အနီရောင်များ ဝတ်ဆင်ကာ ခွပ်ဒေါင်းအလံနှင့် မြန်မာနိုင်ငံအလံများ ကိုင်ဆောင်၍ ပြည်သူ များက ကြိုဆိုရန် စီစဉ်နေသည်ဟု စီစဉ်နေသူတဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင် က ပြောသည်။

“ပြည်သူလူထုကြီးကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဆောင်ရွက်ခဲ့သူကို ပြည်သူ တသန်းခန့်က ဂုဏ်ပြုကြိုဆိုကြမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရန် နှစ်ရက်အလိုတွင် ကြိုဆိုမည့် လူပေါင်း သိန်းဂဏန်းအထိ စာရင်းရရှိထား သည်ဟု ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အတူ စီစဉ်နေသူများက ပြောသည်။

“အခုတောင် စာရင်းပေးထားတဲ့သူတွေက အတော်များနေပြီ။ အချို့ဆို ဟိုတယ်တခုလုံးက ဝန်ထမ်းတွေက ကြိုဖို့ရှိပါတယ်” ဟု generation wave မှ တာဝန်ရှိသူတဦးက ပြောသည်။

အနောက်နိုင်ငံများတွင် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဘွဲများ လက်ခံရယူပြီး ပါလီမန်များ၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက တလေးတစား ကြိုဆိုဂုဏ်ပြုခြင်းခံရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အား
ပြည်သူများကလည်း ဂုဏ်ယူစွာကြိုဆိုကြသည်ကို ကမ္ဘာက သိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

ယခုကဲ့သို့ ကြိုဆိုရေးစီစဉ်ရာတွင် လူမှုရေးအဖွဲ့အစည်းများ အပါအဝင် G Wave မှ လူငယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template