Headlines News :
Home » , » ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြည်ညိုပျက်စေရန် မြန်မာအစိုးရက ရခိုင်ပဋိပက္ခဖြင့် လုပ်ဆောင်နေသလော

ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြည်ညိုပျက်စေရန် မြန်မာအစိုးရက ရခိုင်ပဋိပက္ခဖြင့် လုပ်ဆောင်နေသလော

Written By လွင့်မောင်မောင် on Wednesday, June 27, 2012 | 5:56 PM


(12 June 20 ရက်စွဲပါ The Week မှ Edward Loxton ရေးသားသော Is Burma inciting Rakhine conflict discredit Aung San Suu Kyi? ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် ဆက်နွယ်သော ပြင်းထန်သည့်ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်လျှက်ရှိရာ ပေါ်ပြူလာဖြစ်လွန်းလှသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်မှုနည်းသွားစေရန်နှင့် စစ်တပ်အပေါ်နောက်ခံပြုသော အာဏာဖြစ်တည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ခြိမ်းခြောက်လာမှုအား အားနည်းသွားစေရန် အစိုးရ၏ အကွက်ချစီစဉ်မှု၏ တစိတ်တပိုင်း ဖြစ်မည်လောဟု သံသယများလည်းကြီးထွားလာသည်။

“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ ယုံကြည်ထားသလို သူ့ဘာသာဖြစ်လာတာ မဟုတ်ပါဘူး။ အသေအချာ စီမံထားတယ်ဆိုတာ သိသာနေပါတယ်”ဟု မြန်မာ့အရေးကျွမ်းကျင်သူ စာရေးဆရာ Bertil Lintner ကပြောသည်။ ၎င်း၏ “Great Game East” ဆိုသည့် စာအုပ်မှာ ထွက်ရှိခါနီးပြီဖြစ်၍ အိန္ဒိယအရှေ့ဘက်မှ နိုင်ငံတစ်ခု၏ အာဏာအတွက် ကစားနေမှုများကို ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာရခိုင်အသိုင်းအဝိုင်းကြားတွင် ဖြစ်လျက်ရှိသော ပဋပက္ခမှာ ရက်သတ္တပတ်တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုအချိန်အထိ တစ်ဒါဇင်ခန့်သေဆုံးခဲ့ပြီး၊ အိမ်ရာနှင့်ချီ၍ မီးလောင်ဆုံးရှုံးခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေးအရတင်းမာမှုများမှာ အမြဲတစေ ဖြစ်ပွားလျက်ရှိနေသည်။ ထိုဒေသရှိ ရိုဟင်ဂျာအနည်းစုမှာ အခြေခံရပိုင်ခွင့်အများစု မရကြပေ။ မြန်မာနိုင်ငံသားဖြစ်နေသူ ရိုဟင်ဂျာများပင်အခွင့်အရေး မရကြပေ။ ရိုဟင်ဂျာယောင်္ကျားအများစုသည် ရာနှင့် ထောင်နှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်းလမ်းမှလည်းကောင်း၊ လှေများဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်တွင်ပင် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည်။

အချိန်အတန်ကြာ ငုပ်လျှိုးနေသောတင်းမာမှုများသည် အဘယ့်ကြောင့် ယခုလိုအချိန်မျိုးတွင် ပေါက်ကွဲထွက်လာရသနည်း ဆိုသည်ကို မြန်မာ့အရေးစောင့်ကြည့်နေသူများက မေးမြန်းလျက်ရှိသည်။ ယခုအချိန်သည် အရပ်သားအစိုးရသစ်အတွက် နိုင်ငံရေးအရ ဖြေလျော့မှုများနှင့် လူ့အခွင့်အရေးကိစ္စများတွင် တိုးတက်မှုအနည်းငယ်အတွက် နိုင်ငံတကာမှ ထောက်ခံမှုများရနေချိန်ဖြစ်သည်။

“အဖြေကရှင်းနေတာပဲ”ဟု Linter  က The Week သို့ပြောသည်။ “အစိုးရက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပေးမှုအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတွေကြားမှာ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာနေတဲ့အချိန်မှာ သူ့အနေနဲ့ ရိုဟင်ဂျာဘက်ကရပ်တည်တဲ့ ကြေညာချက်ထွက်ခဲ့ရင် သူ့ပေါ်ပြူလာဖြစ်မှုကို ထိခိုက်နိုင်ပါတယ်။ တခြားတဖက်မှာလည်း သူ့အနေနဲ့ ဘာမှမပြောဘဲ ငြိမ်နေရင်လည်း သူ့ကိုထောက်ခံတဲ့ လူ့အခွင့်အရေးအုပ်စုတွေက စိတ်ပျက်ကြဦးမယ်”ဟု ၎င်းကပြောသည်။

အမည်မဖော်လိုသူ မြန်မာ့အရေးလေ့လာနေသူတစ်ဦးကလည်း သဘောတူခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပ်လဲစူး၊ စားလည်းရူးမယ့် အခြေအနေမှာ ရှိနေပါတယ်။ သူ့ရဲ့သိက္ခာကို အကြီးအကျယ်ထိခိုက်ပြီး ပေါ်ပြူလာ ဖြစ်မှုကို လျော့နည်းစေမယ့် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်”ဟု ဆိုသည်။

London School of Economics မှ ဖဲလိုးတစ်ဦးဖြစ်သူ မောင်ဇာနည်ကလည်း ယခုပဋိပက္ခမှနေ၍ အစိုးရ အကျိုးအမြတ်ထွက်နိုင်ကြောင်း၊ အစိုးရစစ်တပ်က တိုင်းရင်းသားအုပ်စုတွေအပေါ် စစ်ဆင်ရေးတွေ လုပ်နေတဲ့အပေါ်ကျနေသောအာရုံများကို ရခိုင်ပြည်နယ်သို့ပြောင်း၍ ကျစေသောကြောင့်ဟုဆိုသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာ Linter သည် မကြာမီက တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်၌ ကချင်ဒုက္ခသည် သုံးသိန်းခန့်ထိရှိကြောင်း အတည်ပြုခဲ့သည်။

ယခု ရခိုင်ပဋိပက္ခသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါလာသောအချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Linter ကထောက်ပြသည်။ သူသည် ဇွန်လ ၁၅ ရက်နေ့မှစ၍ ဥရောပခရီးစဉ်ကို စတင်ရန်ပြင်ဆင်လျှက်ရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်က ပြင်းထန်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူကို ကြေညာချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ သိပ်ကိုခက်ခဲတဲ့ စိန်ခေါ်မှုပါပဲ။ အခန့်မသင့်ရင် သူရဲ့ ဥရောပခရီးစဉ်တောင် ဖျက်သိမ်းနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုတစ်ပတ်၌  သူ့အပေါ် ပြင်းထန်စွာထောက်ခံခဲ့သော လူ့အခွင့်အရေးလှုပ်ရှားသူနှစ်ဦးက ရိုဟင်ဂျာဆန့်ကျင်ရေး ကြေညာချက်များထုတ်ခဲ့ရာ စိတ်ထဲတွင် တမျိုးတမည်ခံစားရမည်ဟု ယူဆရသည်။

“ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအုပ်စုထဲမှာ မပါဝင်ပါဘူး”ဟု ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောခဲ့သည်။

“အခုဖြစ်ရပ်ရဲ့ရင်းမြစ်က နယ်စပ်ကိုဖြတ်ပြီး နိုင်ငံခြားတိုင်းပြည်တွေက လာတာပါ”ဟု ၎င်းက ပြောသည်။

“လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးဟု ယူဆရသူတစ်ဦးဆီက ဒီလိုပြောကြားခဲ့တာ အံ့သြစရာကောင်းပါတယ်။ ဒီပြောဆိုချက်ဟာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွေ အဟန့်အတားဖြစ်အောင်လုပ်နိုင်အောင် အတိုက်အခံတွေကို ကိုင်တွယ်ရန် ကြိုးစားနေတယ်လို့ ယုံကြည်နေမှုကို များစွာအထောက်အကူ ဖြစ်စေပါတယ်”ဟု အနောက်နိုင်ငံမှ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

by Transparency မှ ဘာသာပြန်ဆိုသည်။
yangon chronicle
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template