
ဘန်ကောက်မြို့မှာ ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲကြီးတခုလုပ်ပြီး လက်နက်ငယ်မျိုးစုံကို ပြသထားပါတယ်။
အဲဒါတွေဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဘန်ကောက်မှာ ကားတွေကို ရပ်တန့် စစ်ဆေးရာကနေ ရှာဖွေ တွေ့ရှိရတဲ့ လက်နက်ပေါင်း ၂၃၄ လက်၊ ပေါက်ကွဲပစ္စည်းတွေ နဲ့ မူးယစ်ဆေးတွေထဲက ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်သုံးလက်နက် - ၃
လိုင်စင်ရှိ လက်နက် - ၁၁၂
လိုင်စင် လုပ်မထားတဲ့ လက်နက် - ၉၇
အိမ်တွင်းဖြစ်လက်နက် - ၂၂
ကျည်ဆံ - အများအပြား
ပေါက်ကွဲပစ္စည်း - အများအပြား
မူးယစ်ဆေး - အများအပြား
ငါးရက်အတွင်း ဒီလောက်တောင် ဖမ်းမိတဲ့အတွက် စိတ်မသက်မသာ ဖြစ်မိတယ် လို့ ရဲတပ်ဖွဲ့အကြီးအကဲတယောက် ဖြစ်တဲ့ Pol Maj Gen Khamronwit က ဆိုပါတယ်။
အင်မတန် ကျယ်တဲ့ ဘန်ကောက်မြို့ကြီးမှာ တရားမ၀င် ကိုင်ဆောင်တဲ့ လက်နက်တွေ၊ မူးယစ်ဆေးတွေ ဒီထက်မက ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဆပ်ပလိုင်းချက် (surprise check) လို့ ခေါ်ကြတဲ့ ရှောင်တခင်စစ်ဆေးမှုတွေမှာ ဓာတ်မှန်စက်လိုမျိုး ကရိယာတွေ သုံးတဲ့အတွက် ဒီပစ္စည်းတွေ တွေ့ရတာလို့ သိရပါတယ်။




ညွှန်း - ဘန်ကောက်ပို့စ် အွန်လိုင်း http://www.bangkokpost.com/news/local/299967/bangkok-cops-seize-large-cache-of-firearms