Headlines News :
Home » » ဒေါ်အောင်ဆန်း စုကြည် ပြင်သစ် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သား ဘွဲ့ကို လက်ခံရယူ

ဒေါ်အောင်ဆန်း စုကြည် ပြင်သစ် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သား ဘွဲ့ကို လက်ခံရယူ

Written By လွင့်မောင်မောင် on Thursday, June 28, 2012 | 9:34 AM


မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့် ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သား ဘွဲ့ကို ဒီကနေ့မှာ လက်ခံရ ယူလိုက် ပါတယ်။

ဒီ့မတိုင်ခင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်ရောက် မြန်မာ
တိုင်းရင်းသားအယောက် ၁၅၀ နဲ့ ပဲရစ်မြို့တော်ခန်းမမှာ တွေ့ဆုံတယ် လို့ သိရပါတယ်။

ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius အပါအ၀င် အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ ညစာစားပွဲမှာတွေ့ဆုံမယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခရီးစဉ်မှာလိုက်ပါသွားတဲ့ ဦးခွန်သာမြင့် က ပြောပါတယ်။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြင်သစ် သမ္မတ Francois Hollande က Elysee နန်းတော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး၊
ပြင်သစ်နိုင်ငံအနေနဲ့မြန်မာ့ဒီမိုကရေစီရေးပြောင်းလဲမှုတွေကို အားပေးထောက်ခံသွားမယ်လို့ သမ္မတ Francois Hollande က ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုလိုလားသူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံး ကို ပြင်သစ်အစိုးရအနေနဲ့
ထောက်ခံသွားမှာဖြစ်သလို၊ ဥရောပသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်သွားမယ် လို့ လည်း ပြင်သစ်သမ္မတကပြောပါတယ်။(အောက်ဘက်တွင် ဗွီဒီယို ကိုရှုပါ)


အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း
- မြန်မာနိုင်ငံက အပြောင်းအလဲတွေ ရှေ့ဆက်တိုးနိုင်ဖို့အတွက်
မြန်မာအစိုးရကို ဒီထက်ပိုပြီး တိုက်တွန်းသွားဖို့လိုနေသေးကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ တကယ်ကို အပြောင်းအလဲလိုသားသူအဖြစ် သူ့အနေနဲ့ ယုံကြည်ကြောင်း၊ ဒါပေမယ့် အစိုးရတစ်ဖွဲ့လုံးအတွက်တော့ ပြောဖို့
ခက်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ တပ်မတော်ကအပြောင်းအလဲကိုလက်ခံမှသာ အာမခံချက်
ရှိတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရှေ့ဆက်သွားနိုင်မှာဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥရောပခရီးစဉ်အတွင်း နောက်ဆုံးနိုင်ငံ
အဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတာဖြစ်ပြီး ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံ
ကိုပြန်မယ်လို့သိရပါတယ်။


La Birmane Aung San Suu Kyi célébrée par Paris by Lwint Maung Maung
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template