Headlines News :
Home » , » မောင်တောဒေသမှ ၀န်ထမ်းများအပြင် ဒေသခံများပါ လုံခြုံရေးကို စိုးရိမ်သောကြောင့် အခြားမြို့နယ်များသို့ ယာယီရွှေ့ပြောင်းနေကြ

မောင်တောဒေသမှ ၀န်ထမ်းများအပြင် ဒေသခံများပါ လုံခြုံရေးကို စိုးရိမ်သောကြောင့် အခြားမြို့နယ်များသို့ ယာယီရွှေ့ပြောင်းနေကြ

Written By လွင့်မောင်မောင် on Wednesday, June 27, 2012 | 11:58 AM

Wednesday, 27 June 2012 09:29 Eleven Media Group
ဘူးသီးတောင် ပြည်တွင်းရေကြောင်း သင်္ဘောဆိပ်အား ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်
အကြမ်းဖက်မှုများ ငြိမ်သက်သွားပြီဖြစ်သော်လည်း မောင်တောဒေသအတွင်း တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်သဖြင့် လာရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိကြတော့ဘဲ စွန့်ခွာမှုများ ရှိလာကြောင်း၊ ဒေသခံများပါ ဘေး ကင်းလုံခြုံသည်ဟု စိတ်ချရသောနေရာဒေသများသို့ ယာယီရွှေ့ပြောင်းနေထိုင်မှု ရှိလာကြောင်း မောင်တောဒေသခံများ၏ ပြောကြားချက်များအရ သိရပါသည်။


ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားသည်မှာ ရက်သတ္တပတ် သုံးပတ်ခန့် ရှိသွားပြီဖြစ်၍ လုံခြုံရေးအခြေအနေ အတန်အသင့် တည်ငြိမ်လာသော်လည်း ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂါလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်လာမည်ကို စိုးရိမ်မှုများရှိနေ၍ နယ်စပ်ဒေသများတွင် နေထိုင်လိုခြင်းမရှိတော့ဘဲ မိမိတို့ဆွေမျိုးသားချင်းများရှိရာ ဒေသများသို့ ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း မောင်တောမြို့မှ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။
အကြမ်းဖက်ဆူပူမှုများ စတင်ခဲ့သည့် မောင်တောဒေသတွင် ၀န်ထမ်းအများစုမှာ လာရောက်တာဝန်ထမ်းဆောင်ကြခြင်း မရှိတော့ဘဲ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းအများစုမှာ နေရပ်သို့ ပြန်သွားကြကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း မောင်တောမြို့မှ ဘူးသီးတောင်နှင့် စစ်တွေသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းနှင့် သင်္ဘောခရီးစဉ်များတွင် လူအများအပြား လိုက်ပါလျက်ရှိသည်ကို တွေ့မြင်နေရကြောင်း ဒေသခံများက ပြောကြားကြပါသည်။
''ကျွန်တော်တို့ရွာကို ဘင်္ဂါလီတွေ စပြီးမီးရှို့တဲ့နေ့မှာ နစကစခန်းကို ၀င်ပြေးရတယ်။ အဲဒီနောက်တော့ လုံခြုံရေးနဲ့ မောင်တောကို ပို့တယ်။ မောင်တောမှာ လေး၊ငါး၊ ခြောက်ရက်လောက် နေခဲ့တယ်။ ကျွန်တော်က ကျောင်းဆရာပါ၊ ကျွန်တော့်အဒေါ်က မောင်တောဆေးရုံက ဓာတ်ခွဲခန်း မှူးပါ။ အဘွားကလည်း နေမကောင်း ဖြစ်နေတယ်။ အိမ်ပြန်ချင်တယ်ဆိုပြီး အခုစစ်တွေကို လိုက်လာတာပါ။ အဒေါ်ကတော့ ခွင့်ယူပြီး ပြန်လာခဲ့တယ်။ အခြေအနေအေးမှ၊ ကျွန်တော်တို့ကို အကာအကွယ်ပေးနိုင်မှ တာဝန်ကျရာကို ပြန်မှာပါ။ ဒီအတိုင်းဆိုရင် ပြန်သွားဖို့တော့ မဖြစ်နိုင်ပါ ဘူး''ဟု မောင်တောမြောက်ပိုင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၇ နှစ်ရှိ ဦးကျော်ထွန်းနိုင်က ပြောကြားပါသည်။
လွန်ခဲ့သော လေးရက်ခန့်မှစတင်ပြီး မောင်တောမြို့နယ်အတွင်းမှ ရခိုင်တိုင်းရင်းသားများသည် ဘေးကင်းလုံခြုံမှုရှိသည့် နေရာများသို့ ယာယီပြောင်းရွှေ့နေကြပြီး ကျန်းမာရေးနှင့် ကလေးများ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
''မောင်တောဒေသခံတွေနဲ့ ၀န်ထမ်းတွေ၊ ဈေးသည်တွေ မောင်တောက ထွက်ခွာနေတာ လေး၊ငါးရက်ရှိပြီ။ သင်္ဘောမှာလည်း ဘူးသီးတောင်ကိုအတက်မှာ ခရီးသည်နည်းပေမယ့် စစ်တွေအဆင်းဆိုရင် သင်္ဘောအပြည့်ပဲ။ အခန်းမရသူ၊ ထိုင်ခုံမရသူများ ပါတယ်။ ဒေသခံတွေကတော့ စိုးရိမ်ပြီး အမျိုးသမီးတွေ၊ ကလေးတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေကို တခြားမြို့တွေမှာ ယာယီသွားထားဖို့ စီစဉ်နေကြပါတယ်''ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပါသည်။
''ဇွန်လ ၂၄ ရက်နေ့က စစ်တွေကိုသွားဖို့ ဆင်းလာတာ သင်္ဘောမှာ မကြုံဖူးလောက်အောင် ခရီးသည် တော်တော်များတယ်။ ထိုင်ခုံမရလို့ ကျန်ခဲ့တာတောင် ရှိတယ်။ မောင်တောက အထုပ်အပိုးတွေနဲ့ ပြောင်းတဲ့လူတွေ ပိုများတယ်''ဟု မောင်တော မှ စစ်တွေသို့ပြန်သူ ကုန်သည်တစ်ဦးက ပြောပါသည်။

''အဓိက ပြောင်းရွှေ့ကြတဲ့သူတွေကတော့ သက်ကြီးရွယ်အိုတွေ၊ သားသည်မိခင်တွေ၊ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေပေါ့။ ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဒီဒေသကို ပြန်မလာချင်ကြတော့ဘူး။ ဒေသခံတွေက လည်း တစ်ဖက်နိုင်ငံက RSO လို့ခေါ်တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေ ၀င်လာမှာကိုစိုးလို့ အစွန်အဖျားဒေသတွေမှာ မနေရဲကြတော့ဘူး။ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေမှာ လုံခြုံရေးတွေ ရောက်လာတာ နောက်ကျတဲ့အတွက် ပျက်စီးဆုံးရှုံးမှုကြီးခဲ့ရတဲ့ရွာတွေများ တယ်။ နောက်တစ်ခါ ဒါမျိုးဖြစ်မှာ ကိုကြောက်နေကြတယ်'' ဟု မောင် တောမြို့ခံ Eleven Media Group ၏ သတင်းထောက်က ပြောပါသည်။
ပြီးခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အသတ်ခံခဲ့ရခြင်းကြောင့် ယခုအခါ ဒေသခံဝန်ထမ်းများမှအပ ကျန်ဝန်ထမ်းအများစုမှာ မောင်တောဒေသတွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိကြတော့ကြောင်း သိရသည်။

''ကျွန်တော်တို့က တခြားမြို့နယ်ကလာပြီး တာဝန်ထမ်းဆောင် နေရတာပါ။ ကျောင်းစဖွင့်စပဲ ရှိသေးတယ်။ အခုလို အကြမ်းဖက်မှု ဖြစ်လာတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတော့ ဒီဒေသမှာ နောက်ဆက်ပြီး တာဝန် ထမ်းဆောင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ကိုယ့်ဒေသကိုပဲ ပြန်တော့မယ်။ ကျောင်းဆရာတွေကိုတောင် အသေသတ်တဲ့ဒေသမှာ မနေနိုင်တော့ဘူး''ဟု ရွာလုံးကျွတ် မီးရှို့ခံရပြီး ကျောင်းဆရာတစ်ဦး အသတ်ခံခဲ့ရသည့် သရေကုန်းဘောင်ကျေးရွာအုပ်စု ရွာသစ်ကေ ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူ ကျောက်ဖြူမြို့နယ် မှ ဦးထွန်းမင်းလတ်က ပြောပါသည်။ နောက်ဆုံးရရှိသော သတင်းများအရ ကယ်ကယ်ဆယ်ရေးစခန်းများသို့ လာရောက်ခိုလှုံကြသော ဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ပို့ဆောင်နေပြီဖြစ်ပြီး ရွာလုံးကျွတ် မီးရှို့ခြင်းမခံရသည့် ကျေးရွာများမှလူများကို အဓိက ပို့ဆောင်ပေးနေကာ ရွာမီးရှို့ခြင်းခံထားရသော ကျေးရွာများကိုမူ အိမ်ထောင်ဦးစီး အမျိုးသားများကိုသာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်၍ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် နယ်မြေလုံခြုံရေးမှာ စိတ်ချရသည့်အနေအထားတွင် မရှိခြင်းကြောင့် လုပ်ငန်းများ ပုံ မှန်ပြန်လည် စတင်နိုင်ခြင်းမရှိဘဲ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဒီဒေသကို ပြန်မလာချင်ကြတော့ဘူး။ ဒေသခံတွေကလည်း တစ်ဖက်နိုင်ငံက RSO လို့ခေါ်တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေ ၀င်လာမှာကိုစိုးလို့ အစွန်အဖျား ဒေသတွေမှာ မနေရဲကြတော့ဘူး။ ပြီးခဲ့တဲ့အဖြစ်အပျက်တွေမှာ လုံခြုံရေးတွေ ရောက်လာတာ နောက်ကျတဲ့အတွက် ပျက်စီးဆုံးရှုံးမှုကြီးခဲ့ရတဲ့ ရွာတွေများတယ်။
''ကျွန်တော်တို့ ရွာသားတွေက တောထဲကိုသွား ဟင်းရှာ၊ ငါးရှာပြီး ရောင်းစားနေရတဲ့သူ များပါတယ်။ အခုအခြေအနေမှာ တောင်ယာလည်း မလုပ်နိုင်၊ ငါးရှာ၊ ဟင်းရှာလည်း မထွက်နိုင်တဲ့ အခြေအနေမှာ ရွာသားတွေ စားဝတ်နေရေး ခက်ခဲနေပါတယ်'' ဟု မကျည်းကုန်းကျေးရွာမှ ကျောင်းဆရာတစ်ဦးက ပြောပါသည်။

ယာယီ ရွှေ့ပြောင်းနေထိုင်ကြသူများမှာ ရခိုင်တိုင်းရင်းသား အများစုရှိသည့်နေရာများသို့ ပြောင်းရွှေ့ကြခြင်းဖြစ်သည်ဟုပြီး အစွန်အဖျားကျသည့် ကျေးရွာများတွင် ရွာလုံးကျွတ်ရွှေ့ပြောင်းမည်ဆိုပါက ဘင်္ဂါလီရိုဟင်ဂျာများ ၀င်ရောက်နေရာယူသွားမည်ကို စိုးရိမ်ပူပန်နေမှုများလည်း ရှိနေသည်ဟု သိရပါသည်။

''အခုရက်ပိုင်းမှာ သင်္ဘောတွေ လူပြည့်ကျပ်အောင် မောင်တော၊ ဘူးသီးတောင်က စစ်တွေကို သွားသူများတယ်လို့ ကြားရတယ်။ အမှန်တော့ ဒီလောက်ထိ စိုးရိမ်စရာ မလိုပါဘူး။ တခြားဒေသက လူတွေဆို မပြောလိုဘူး။ မောင်တောမြို့ခံတွေ ဒီလိုပြောင်းရွှေ့တာ ဒေသအတွက် မ ကောင်းပါဘူး။ လုံခြုံရေးတွေ ရှိနေတာပဲလေ၊ ဒီဒေသဟာ ရခိုင်တိုင်းရင်းသားတွေ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက နေလာခဲ့တဲ့မြေပါ။ တိုင်းရင်းသားတွေ စိတ်ချလက်ချနေနိုင်ဖို့ ကာကွယ်မှုတွေ လုပ်ဖို့ လိုလာပါပြီ''ဟု မောင်တောမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုမှ ကွပ်ကဲရေးမှူးကလည်း ပြောကြားပါသည်။
လက်ရှိအချိန်တွင် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတိုင်းအား တပ်မတော်မှ လုံခြုံရေးအတွက် တာဝန်ယူထားပြီး ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးလျက်ရှိရာ မောင်တောမြို့နယ်တောင်ပိုင်း ဆူပူအကြမ်းဖက်မှုတွင် လှုံ့ဆော်သူ၊ ဦးဆောင်သူ၊ ကျူးလွန်သူများကို ဖမ်းဆီးနေပြီး စုစုပေါင်း ၉၁ ဦးကို ဖမ်းဆီးထားကြောင်း အမှတ် ၃၅၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်စိန်ထွန်းက ဇွန်လ ၂၂ ရက်နေ့က ပြောကြားပါသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော အဆိုပါဖြစ်စဉ်များအတွက် ဇွန်လ ၂၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်ရန်ကုန်မြို့ ရခိုင်အမျိုးသားများ ကိုယ်စားလှယ်များအဖွဲ့တို့ တွေ့ဆုံးဆွေးနွေးခဲ့ကြရာ၌ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်အတွင်း လက်ရှိအနေအ ထားများသည် အစိုးအရအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ လက်နက်ကိုင် ကာကွယ်ခြင်းများအပြင် အခြားသော ကဏ္ဍအသီးသီးတို့၌ တာဝန်ယူနေကြသော တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ထိရောက်သော လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ကြရန်လို အပ်နေသေးကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးကို အခြေခံသော အစိုးရအဖွဲ့ဝင်များ ဖြစ်ပေါ်လာရေးတို့အတွက် ထည့်သွင်းဆွေးခဲ့ကြသည်ဟု သိရှိရသည်။   
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template