Headlines News :
Home » » Burma လို့ မသုံးဖို့ NLD ကို ကော်မရှင် သတိပေး

Burma လို့ မသုံးဖို့ NLD ကို ကော်မရှင် သတိပေး

Written By လွင့်မောင်မောင် on Friday, June 29, 2012 | 11:40 AM



ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ အမည်ကို ဖွဲ့စည်းပုံထဲက အတိုင်း ခေါ်ဝေါ် အသုံးပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးစာကို ယမန်နေ့ ဇွန်လ ၂၈ ရက်က ပို့ လိုက်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ ဖော်ပြပါတယ်။

"ဖွဲ့စည်းပုံအရ နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေရမည်" ( The Republic of the Union of Myanmar ) လို့ သာ သုံးစွဲရန် သတင်းစာက ထောက်ပြထားပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နောက်ဆုံးဖြစ်တဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ၏ အမည်ကို Myanmar အစား Burma ဟုသာ သုံးနှုန်းနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Myanmar နှင့် Burma သုံးစွဲမှု အယူအဆဟာ အစိုးရနဲ့ NLD ပါတီအကြား သဘောတူညီမှု မရသေးသော အချက်များထဲ က တခုလည်းဖြစ်ပါတယ်။

NLD ပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ မဟာ ဗျူဟာ ချမှတ်ပြီး ပါတီ မှတ်ပုံတင် တာကိုလည်း ပြန်လုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့လို့ ၄၃ နေရာ အနိုင်ရခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော်အမတ်တဦး လည်းဖြစ်လာပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template