Headlines News :
Home » » ထိုင်းသွားမယ့် စစ်ကိုင်းသားများ လမ်းတ၀က်မှာ အတားခံရ

ထိုင်းသွားမယ့် စစ်ကိုင်းသားများ လမ်းတ၀က်မှာ အတားခံရ

Written By လွင့်မောင်မောင် on Wednesday, June 27, 2012 | 12:03 PM



~



၂၀၁၁ နှစ်ဆန်းပိုင်းမှာ တွေ့ရတဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ ရေလုပ်ငန်းမြင်ကွင်းတခု

တနင်္လာနေ့က စစ်ကိုင်းတိုင်းက ခရီးသည် ၂၉ ယောက် ရန်ကုန်ကနေ ထိုင်းမြန်မာနယ်စပ်ကို အသွား လမ်းမှာ အတားခံလိုက်ရပါတယ်။

သူတို့ စီးလာတဲ့ကား ပဲခူးအရောက်မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့က စစ်ဆေးပြီး ခေါ်ထားလိုက်တယ်လို့ ဆိုပါတယ်။

ထိုင်းရောက်ရင် ငါးဖမ်းလှေ၊ စက်ရုံအလုပ်ရုံတွေကို ရောင်းစားခံရတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ် ဆိုပြီး ပညာပေးရှင်းလင်းခဲ့တယ်၊ နေရပ်ပြန်ဖို့ စီစဉ်ပေးနေတယ် တဲ့။

ဒီကနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

မူရင်းသတင်းကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFpV9hSo_6-WuwRjD-UwftCSjwXkl6TSF4e-_kaRLDuRNVQFgEVKm-BBJ2oFj9Lyy7LLWbT5Myutx4l6rdv6MXF-oN6rnzJJoKGDsRnjh6gigSpwUyjjKAYBZiA7rIWrLS0pxiSMasXVK3/s1600/Donna-Guest-0355.gif ဖတ်နိုင်ပါပြီ။

လူကုန်ကူးတားဆီးရေးအဖွဲ့ရဲ့ ရှင်းပြချက်တွေက မှန်ပါတယ်။ ဒီခေတ်မှာ ဒီလို အန္တရာယ်မျိုး ရှိနေပါသေးတယ်။

မြန်မာပြည်သားတွေ ထိုင်းနိုင်ငံကို နေ့စဉ် ရာနဲ့ချီပြီး သွားလာ လုပ်ကိုင်နေကြပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ဖူးသူတွေ ပါဝင်သလို တခါမှ မရောက်ဖူးသူတွေလည်း ပါပါတယ်။

ဒီ ၂၉ ယောက်က ဘယ်အမျိုးအစားထဲ ပါဝင်သလဲ မသိရပါဘူး။

ဒီလူတွေ နေရပ်ပြန်ရောက်ရင် ထိုင်းခရီးစဉ် ပြန်ဆက်ဖို့ ကြိုးစားနိုင်သလို မြန်မာပြည်ထဲက တခြားနေရာတွေမှာ သွားရောက်လုပ်ကိုင်ဖို့လည်း ကြိုးစားနိုင်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသခံ အများအပြား ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန် စတဲ့ ဒေသအသီးသီးကို သွားရောက် အလုပ်လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template