Headlines News :
Home » » ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲအခမ်းအနား..

ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲအခမ်းအနား..

Written By လွင့်မောင်မောင် on Friday, June 29, 2012 | 8:11 AM



ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား
ဂုဏ်ပြုပွဲ

"မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့၏ ၂၀၁၂ နှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီခန်းမ၌ ၂၈-၆-၂၀၁၂ နေ့လည့် ၁း၀၀ မှ ၃း၀၀ ထိအစီအစဉ် (၆) ရပ်ဖြင့် ကျင့်ပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ယင်းအခမ်းအနားကို အစီအစဉ် အခမ်းအနားမှူးဖြင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက် မှ ပြုလုပ်ပြီး၊ နိုင်ငံရေးနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူမှုရေးနယ်ပယ်မှဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဘဘဦးဝင်းတင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း၊ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈-ကျောင်းသားခေါင်းဆောင် ပွင့်လင်းအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော် သျှီ စသော လူမှုနယ်ပယ်မှ ပရဟိတပုဂ္ဂိုလ်များ၊တိုင်းရင်း သူ၊သားများ၊ရှေ့နေအဖွဲ့ဝင်လူငယ်များ၊မီဒီယာများ စုစုပေါင်း အယောက် ၆၀ ခန့်တက်ရောက်ပြီး၊ ပြည်သူ့ ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူ လူမှုအထောက်ကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင် Foundation ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊လယ်သမားတွေ အရေးကို ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်တို့အာuး$ 1000 နှင့် ဆုတံဆိပ်ဆု တစ်ခုဆီဖြင့် ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ကိုလည်း အခမ်းအနားမှူး ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားကြောင်း သိရှိရပါသည်။
အင်မတန် လေးစားစရာ ကောင်းတဲ့ပုဂ္ဂိုလ်တို့ကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုတွေ၊အားလုံး စုပေါင်းပြီး တစ်နှစ်တစ်ကြိမ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းဟာ ပြည်သူ့ဂုဏ်ရည်အသင်း၏ ပထမ ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။အဲဒီရည်ရွယ်ချက်အတိုင်း ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်အတွက် မြန်မာ့သမိုင်းမှာ အောင်မြင်မှုအရှိ ဆုံး လူမှုရေးအသင်းကြီးဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဦးဆောင်နေတဲ့ ဦးကျော်သူ၊၂၀၁၁ခု နှစ် အတွက် အကျဉ်းကျသံဃာတွေကို ကြည်ညိုသဒ္ဒါစိတ်များနဲ့ လက်လှမ်းမီသလောက် ဆွမ်း၊ဆေးဝါး လှူဒါန်းခဲ့ သော ဒေါ်ရှုတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ တိုင်းရင်းသားမြန်မာမိသားစုများရဲ့ အင်တာနက်ဆန္ဒမဲများဖြင့် ရွေး ချယ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၉ နိုင်ငံကျော်မှ ဆန္ဒမဲ စုစုပေါင်း ငါးသိန်းကျော်၏ ၅၀% ရရှိခဲ့သည် ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သည့် Kachinland News သတင်း ဌာနမှ လဖိုင်နော်မိန်းကို ရွေးချယ် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ လဖိုင်နော်မိန်းသည် အဖက်ဖက်မှ ဖိနှိပ်သည့်ကြားက သေသဖွံ့ဖြိုးရေး၊ လူငယ်များပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ ညီငယ် အလင်းဆက်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template