Headlines News :
Home » , » စစ်တွေ မြို့  တွင် လက်နက် များ သိမ်းဆည်း ရမိ

စစ်တွေ မြို့  တွင် လက်နက် များ သိမ်းဆည်း ရမိ

Written By လွင့်မောင်မောင် on Saturday, June 30, 2012 | 8:20 AM


MDG : Burma
 

ပြီး ခဲ့ သည့် သီတင်းပတ် အတွင်း မငြိမ် သက် မှု များ ဖြစ်ပွား ခဲ့ ရာ စစ်တွေ မြို့  တွင် လက်နက်
ငယ် အချို့  နှင့် လက်ပစ် ဗုံး အချို့  ကို သောကြော နေ့  က သက် ဆိုင်ရာ လုံ ခြုံ ရေး တပ် ဖွဲ့  များ
က သိမ်း ဆည်း ရ မိ ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။
မြန်မာ့ လွတ် လပ် ရေး ကြိုးပမ်း မှု ခေါင်းဆောင် ၊ ရခိုင် ဆရာ တော် ဦးဥတ္တမ မွေး ဖွား ခဲ့ ရာ
ရူပ ရပ် ကွက် အတွင်း ရှိ ဘင်္ဂါလီ များ နေ အိမ် တွင် သိမ်း ဆည်း ရ မိ ခြင်း ဖြစ် ပြီး အရေ အတွက်
မည် မျှ ကို သိမ်း ဆည်း ရ မိသည် ကို မူ စစ်တွေ မြို့  အာဏာ ပိုင် များ မှ သတင်း ထုတ် ပြန် ခြင်း
မရှိ ဟု သိရသည်။

စစ်တွေ မြို့  တွင် မငြိမ် သက် မှု ဖြစ် စဉ် များ အတွင်း ကုလ သမဂ္ဂ နှင့် အစိုးရ မဟုတ် သည့် အကူ အညီ
ပေး ရေး အဖွဲ့  အစည်း များ တွင် တာဝန် ထမ်းဆောင် နေသည့် မွတ်ဆလင် များ ကို အစိုး ရ လုံ ခြုံရေး
တပ် ဖွဲ့  များ က မောင်တော တွင် အခြေစိုက် သည့် ဒေါက်တာ ထွန်း အောင် နှင့် ၎င်း ၏ သမီး ဖြစ်သူ
ဒေါ်မြနန္ဓာ တို့  နှင့် ဆက် စပ် မှု ဖြင့် ဖမ်းဆီးထား သည်။
ဒေါက်တာ ထွန်းအောင် တို့  သား အဖ ကို ဖမ်းဆီး စဉ် က  နိုင်ငံတကာ အကြမ်းဖက် ကွန်ယက် တစ်
ခု ဖြစ်သည့် အယ်(လ)ကာယီးဒါး ၊ ပါကစ္စတန် အခြေစိုက် လက်(ခ)ရှာကာ အီ တိုင် ဘာ ၊ ကော့ဘဇား
အခြေစိုက် ရိုဟင်ဂျာ မူဂျာ ဟေဒင် များ နှင့် ဆက် စပ် မှု ရှိသည် ဟု အတည် မပြု နိုင်သေးသည့် သတင်း
များ တွင် ဖော်ပြထား သည်။
ယမန် နေ့  က လက်နက် များ သိမ်းဆည်း ရမိမှု တွင် ရိုဟင်ဂျာ ဘင်္ဂါလီ အချို့  ကိုလည်း ဖမ်းဆီးထား ပြီး ၎င်း
တို့  အနက် တစ်ဦး မှာ ၂၀၁၁ ခုနှစ် နှစ်ဆန်း ပိုင်း က ရခိုင် ပြည်နယ် မောင်တော မြို့  ကို အကြမ်းဖက် ရန်
စိမ့် ၀င် လာသည့် တာလီဘန် ၁၃ နှင့် ဆက်စပ် မှု ရှိ သည် ကို တွေ့ ရ ကြောင့် စစ်တွေ မြို့  မှ အမည် မဖော်
လိုသည့် အစိုးရ  အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။
သောကြာ နေ့ က မြေပုံ မြို့  တွင် ရခိုင် တိုင်း ရင်းသား များ နှင့် ဘင်္ဂါ လီ တို့  ခိုက် ရန် ဖြစ်ပွား မှု ပေါ်ပေါက်
ခဲ့ ပြီး နောက် ဒေသရှိ လုံခြုံ ရေး အဖွဲ့  များ က အခြေအနေ ကို လျှင် မြန်စွာ ထိမ်းသိမ်း လိုက်နိုင်သည်
ဟု သိရသည်။
ကုလ သမဂ္ဂ က မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် တွင် ဖြစ်ပွား ခဲ့ သည့် မငြိမ် သက်မှု များ အတွင်း လူ ၈၀ ကျော်
သေဆုံး ခဲ့ ရသည် ဟု ဆိုသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template