by Myit Makha Mediagroup on 25 Jun, 2012
ဧရာဝတီမြစ်ရေတိုးလာမှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊
စီတာပူရပ်ကွက်ရှိ မနောကွင်း အတွင်းသို့ မြစ်ရေ၀င်ရောက်
လျက်ရှိနေကြောင်းနှင့်မြစ်ကမ်းနားတလျောက်ရှိ နေအိမ်များသို့လည်း
ရေ၀င်နေပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်ရေမှာ
ဇွန်လ(၂၅)ရက်နေ့တိုင်းထွာချက်များအရ စိုးရိမ် ရေမှတ်
(၁၁၂၉)စင်တီမီတာသို့ရောက်ရှိနေကြောင်း ကချင်ပြည်နယ်ရေကြောင်းမိုးလေ၀သမှ
သတင်း ထုတ်ပြန်ထားသည်။ အဆိုပါမြစ်ရေမှာ ယခင်က စိုးရိမ်ရေမှတ်
(၁၂၀၀)စင်တီမီတာသာ ရှိခဲ့သည်။
မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်နှင့် အင်ဂျန့်ခါ မြစ်တို့ရှိသည်။
အင်ဂျန့်ခါမြစ်သို့ မလိခမြစ်ရေတိုးဝင်နေခြင်းကြောင့် ဂျပန်တံတားမှာ သွားလာ၍
မရတော့ကြောင်း မြစ်ကြီးနားမြို့ခံများက ဆိုသည်။