Home »
ဒေါ်စုဥရောပခရီး
» အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အတွင်း နောက်ဆုံးသွားရောက်သည့် ပြင်သစ်နိုင်ငံသို့ ယနေ့ ရောက်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အတွင်း နောက်ဆုံးသွားရောက်သည့် ပြင်သစ်နိုင်ငံသို့ ယနေ့ ရောက်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အတွင်း
နောက်ဆုံးသွားရောက်သည့် ပြင်သစ်နိုင်ငံသို့ ယနေ့ ရောက်ရှိကြောင်း
သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ
ဖရန်ကွိုင်စ် ဟိုလန်ဒီနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် အခြားသော အစိုးရ
ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။ အသက် ၆၇
နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး
နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် ဥရောပသို့ ခရီးထွက်ခွာခဲ့ခြင်းဖြစ်ပြီး
ပြင်သစ်နိုင်ငံသို့ မရောက်ရှိမီ နော်ဝေ၊ အိုင်ယာလန်နှင့်
ဗြိတိန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ
Gare du Nord မီးရထားဘူတာသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား
ကြိုဆိုသူများနှင့်အတူ တွေ့ရသည်။ — ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံသို့ရောက်ရှိ (9 photos)