ရခိုင်ပြည်နယ်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဒေသခံများ ဝိုင်းဝန်းပူးပေါင်းလုံခြုံရေးဆောင်ရွက်မှုကြောင့်မောင်တောမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇွန်၁၃ ရက်မှစ၍ အေးချမ်းတည်ငြိမ်လျက်ရှိသည်။ ထိုသို့ အေးချမ်းတည်ငြိမ်မှုအား ဆက်လက်ထိန်းသိမ်းရန် လုံခြုံရေးအဖွဲ့များသည်ဒေသခံများနှင့် ဝိုင်းဝန်းလက်တွဲ၍ နေ့/ညမပြတ် လုံခြုံရေး
လှည့်ကင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ၄၅ မိနစ်တွင် မောင်တောမြို့နယ် ချိန်ခါလီကျေးရွာသို့ရောက်ရှိစဉ် မသင်္ကာဖွယ် တုတ်၊ ဓားများကိုင်ဆောင်၍စုရုံးလျက်ရှိသည့် အကြမ်းဖက်သမား ၃ဝ ဦးတွေ့ရှိ၍ လူစုခွဲရန်ဆောင်ရွက်စဉ် အဖွဲ့ခွဲ၍ထွက်ပြေးသွားကြသည်။
ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများနောက်သို့လုံခြုံရေးအဖွဲ့များက အဖွဲ့ခွဲ၍ ရွာနှင့် ပတ်ဝန်းကျင်အနီး
ဝိုင်းပတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂၂ ဦးတို့အား ¤င်းတို့အသုံးပြုသော အသံပေးကျွဲချိုတစ်ချောင်း၊ လေးပေအရှည်ငါးမူးလုံးသံချောင်း (ထိပ်ချွန်ပြီး) ခုနစ်ချောင်း၊ အရှည်တစ်ပေခန့်ရှိ
ဓားချွန်တစ်ချောင်း၊ သုံးပေခန့်ရှိ သစ်သားချောင်း ၁ဝ ချောင်း၊လေးပေအရှည် သံဆူး(ထိပ်ချွန်) နှစ်ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများအား သက်ဆိုင်ရာနယ်မြေ
ရဲစခန်းသို့လွှဲပြောင်း၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago