စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရသူများမှာ
(၁) မြင့်ခိုင်အောင် ၊ ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ
(၂) မောင်ထွီးစိန်၊ ၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊
(၃) မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိရပါသည်။
အဆိုပါ
ဒဏ်ရာရသူများသည် ယခုအခါတွင် စစ်တွေဆေးရုံသို့ ရောက်ရှိနေ ပြီဖြစ်ပြီး B
သွေးအမျိုးအစားလိုအပ်နေသဖြင့် သွေးလှူရှင်ကိုရှာဖွေတွေ့ရှိ
သွားပြီဖြစ်ကြောင်းလည်းသိရသည်။
ယခုလက်ရှိ မြောက်ဦးဆေးရုံသို့ ရောက်ရှိနေသော လူသေအလောင်း(၁)လောင်းမှာ မောင်အောင်မိုးဖြစ်ကြောင်းလည်း သိရှိရပါသည်။
သေဆုံးသွားသူမှာ
ဘလူးကန်ရွာမှ အောင်မိုးဖြစ်ကြောင်းနှင့် တစ်ကိုယ်လုံး ဓါး ဒဏ်ရာဖြင့်
သေဆုံးနေခဲ့ခြင်းကိုတွေ့ရှိခဲ့ရကြောင်းလည်းသိရသည်။
မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်
ညမထွက်ရအမိန့်အား ညနေ ၇ နာရီမှ နံနက် ၅ နာရီအတွင်းသတ်မှတ် လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။
ယနေ့ည ၁၀ နာရီထုတ်ပြန်ချက်ဖြစ်ပါသည်။
Rakhine Straight Views