Headlines News :
Home » » မင်းပြားအရေး

မင်းပြားအရေး

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 4:07 PM

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ ပန်းမြောင်း သရက်အုပ်ကျေးရွာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ (ယနေ့) နံနက် ၇ နာရီမှစတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါသရက်အုပ်ကျေးရွာမှာ ဘင်္ဂါလီများ နေထိုင်သည့်ကျေးရွာဖြစ်ကာ မိမိတို့ကျေးရွာကို မိမိတို့ မီးရှို့ခြင်းဖြစ်ကြောင်းနှင့် ပရိန်ကျေးရွာ ၊ လက်မ ကျေးရွာဘက်သို့ အင်အားစုစည်းရန် ရွာကို မီးရှို့သွားခြင်းဖြစ်ကြော

င်း ဒေသခံများက ဆိုပါသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်လည်း နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်မှစတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိနေကြောင်းလည်း ထပ်မံသိရှိရပါသည်။

ပရိန်ကျေးရွာမှာ လေးမြို့မြစ်ကမ်းဘေး၊ သရက်အုပ်ဘင်္ဂါလီရွာနှင့် တစ်ဖက်တစ်ကမ်းဖြစ်ကာ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအတူနေထိုင်ကြသည့်ကျေးရွာဖြစ်ကြောင်းနှင့် အများစုနေထိုင်သူမှာ ဘင်္ဂါလီများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်နှင့် ရဲမှ လုံခြုံရေးယူထားကြောင်းလည်း သိရသည်။

----------------------------------------------------------------------------------------------
''ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မနက်ကတည်းက အခင်းဖြစ်ပွားရာ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကို သွားကြည့်နေပါတယ်။ အခုဖြစ်စဉ်ထဲမှာ အပြန်အလှန် မီးရှို့တာတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုယ် မီးရှို့တာလည်း ရှိပါတယ်။ အတိအကျကို ညနေကျမှ ပြောနိုင်မှာပါ''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက Eleven Media Group သို့
ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ''ဘယ်လိုဖြစ်တယ်ဆိုတာကို အတိအကျ စုံစမ်းနေပါတယ်။ စစ်တပ်ကလည်း အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေပါပြီ။ အသေးစိတ်ကိုတော့ လောလောဆယ် ပြောပြလို့ မရသေးပါ။'' ဟု Eleven Media Group သို့ ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
 
''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်။ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်။ ယင်းအင်အားနဲ့ ထိန်းလို့ မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီတောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်။ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒြီ့ဖစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ 
အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။
Eleven Media Group

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template