Headlines News :
Home » » ရခိုင်တွင် ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မူ ရပ်တန့် ရန် ရခိုင်အမျိုးသမီးအစည်းအရုံးမှ မေတ္တာရပ်ခံ

ရခိုင်တွင် ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မူ ရပ်တန့် ရန် ရခိုင်အမျိုးသမီးအစည်းအရုံးမှ မေတ္တာရပ်ခံ

Written By လွင့်မောင်မောင် on Thursday, October 25, 2012 | 8:53 AM

မောင်အေး
ရခိုင်ပြည်နယ် အတွင်း ယခုရက်ပိုင်းတွင်  ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မူများကို အမြန်ဆုံး ရပ်ဆိုင်းရန် သက်ဆိုင်သူများအားလုံး ကြိုးပမ်းသင့်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။

အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ၎င်းအဖွဲ့၏ ကျေညာချက်ထဲတွင် ဘင်္ဂလီ လူမျိုးများနှင့် ရခိုင် တိုင်းရင်းသားများအကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို အမြန်ဆုံး ရပ်တန့်ရန် ကြိုးစားသင့်ကြောင့် မေတ္တာရပ်ခံထားသည်။
“အခုဖြစ်နေတဲ့ ပြဿနာကို ရှေ့ကို ဆက်မဖြစ်ဖို့ ရပ်တန့်သင့်ပြီးဖြစ်ပါတယ်။ ပြဿနာဖြစ်နေတဲ့ လူမျိုး နှစ်ခုစလုံးက လက်ခံစဉ်းစားစေချင်တဲ့ အတွက် ကျမတို့ အခုလိုမေတ္တာရပ်ခံချက်ထုတ် တာဖြစ် ပါတယ်” ဟု ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
ကြေငြာချက်ထဲတွင်လည်း ယခုလို ဖေါ်ပြသည်။
“ ယခု ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် သံဃာတော်များပျံလွန်တော်မူရခြင်း၊ ထိခိုက်နာကျင် မှုဖြစ်ရခြင်း  လူအများအပြား သေဆုံးနေခြင်း၊ သွေးထွက်သံယို၊ အနာတရ ဖြစ်နေကြရခြင်းတို့ ကို ကြားသိရ၍ မိမိတို့ မှ များစွာ စိတ်မကောင်း ခံစားနေရပါသည်။ ရခိုင်ပြည်အတွင်း ယခုဖြစ်ပေါ် နေ သော ဆူပူ အကြမ်းဖက်မှုများသည် ရခိုင်ပြည်အတွက်သာမက မြန်မာတစ်နိုင်ငံအတွက် အထူးစိုး ရိမ်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ အန္တရာယ် ဆိုးကြီး ဖြစ်ကြောင်းမိမိတို့မှ အခိုင်အမာသုံး သပ်လျှက် ရှိနေပါသည်” ဟု ဆိုသည်။
ယခု ဖြစ်ပွားနေသည့် ပြဿနာသည် ရေရှည်ဖြေရှင်းရမည့်ပြဿနာဖြစ်ပြီး ရည်တို ရည်ရှည် စီမံကိန်း များ ချမှတ်ကာ အဖြေရှာရမည်ဖြစ်သလို ယခုကဲ့သို့ ပြဿနာများဖြစ်နေလျှင် အဖြေရှာရန် အခက် အခဲ ရှိမည် ဖြစ်ကြောင်းလည်း သူမက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့က မင်းပြားမြို့မှ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ လူမျိုးများအကြား စတင်ဖြစ်ပွားသည့် ပြဿနာမှာ မြောက်ဦး၊ မြေပုံနှင့် ကျောက်ဖြူမြို့များသို့ ကူးစက်ခဲ့သည်။
ယခုကဲ့သို့ ပြဿနာဆက်ဖြစ်နေလျှင် ရခိုင်ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်ကြ ရမည်ဖြစ်ပြီး တဦးကိုတဦး ယုံကြည်မှုပျက်ပြားကာ ရခိုင်ပြည်နယ်အခြေအနေမှာ အဆိုးဘက်ကို ဦး တည်သွားနိုင်ကြောင်းလည်း သူမကဆက်ပြောသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် မူဆလင်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် တောင်းဆို ပြောကြားနေမူ အပေါ်တွင်လည်း  ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ပြောသည်။
“ အစိုးရဖြစ်စေ၊ ကုလသမဂ္ဂဖြစ်စေ ဒေသခံလူထုရဲ့ ဆန္ဒကိုလေးစားဖို့လိုတယ်။ အတင်းအဓမ္မလုပ် လို့ ရမှာ မဟုတ်ဘူး။ အတင်းအဓမ္မလုပ်ရင် ပြဿနာက ဆက်လာနိုင်တယ်။ ဒါကြောင့် အခုဖြစ်တဲ့ ပြဿနာရဲ့ အရင်း အမြစ်ကို ရှာဖို့လိုတယ်။”
အောက်တိုဘာလ ၂၂ ရက်နေ့မှစတင် ဖြစ်ပွားသည့် အဓိကရုဏ်းကြောင့် မြောက်ဦးနှင့် မင်းပြားမြို့ နယ်တွင် လူနေအိမ်ပေါင်း ၂၀၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ရပြီး အသေအပျောက် အများအပြား ရှိနေကာ  ဒဏ်ရာရသူများလည်း  ရှိနေကြောင်း သိရသည်။
နိရဉ္စရာ


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template