Headlines News :
Home » » သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲထားဝယ်တွင် ကျင်းပမည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲထားဝယ်တွင် ကျင်းပမည်

Written By လွင့်မောင်မောင် on Wednesday, October 24, 2012 | 12:24 PM

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန(MOECAF)၊
BANC ၊ FAUNA FLORA INTERNATIONAL တို့ပူပေါင်းကျင်းပသည့်
“တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး

နှင့် သဘာ၀၀န်းကျင်ထိန်းသိမ်းရေးကိုပူးပေါင်းလုပ်ဆောင်နိုင်မည့် သဘာ၀၀န်း
ကျင်ထိန်းသိမ်းရေး အခွင့်အလမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကိုလာမည့်
အောက်တိုဘာလ(၂၆)ရက်နေ့၊နံနက်(၈း၃၀)မှစတင်ကာ နိဗာန်လမ်း၊မြစိမ်း
ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ထိုအလုပ်ရုံဆွေးနွေးပွဲတွင်သစ်
တောဦးစီးဌာန၊ငါးလုပ်ငန်းဦးစီးဌာနအပါအ၀င်သဘာဝထိန်းသိမ်းရေးပညာရှင်များက စာတမ်း(၇)စောင်ဖတ်ကြားမည်ဖြစ်ကြောင်းသိရသည်။ထိုအလုပ်ရုံ
ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ
ပုဂ္ဂိုလ်များတက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ထိုအလုပ်ရုံဆွေးနွေးပွဲ
သည်ထားဝယ်ဒေသ၌ နှစ်ပေါင်းများစွာအတွင်းပွင့်လင်းမြင်သာစွာကျင်းပ
သည့်အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်သည်။လောလောဆယ်တွင်ထားဝယ်ဒေသ
့၌ ရေနက်ဆိပ်ကမ်း၊ရေလှောင်တမံ။သတ္တုတူးဖော်မှု၊သစ်ထုတ်လုပ်မှု၊အလွန်
အကျွံငါးဖမ်းဆီးမှုကဲ့သို့သော သဘာ၀၀န်းကျင်ဆိုင်ရာခြိမ်းခြောက်မှုများနှင့်
ရင်ဆိုင်ရလျက်ရှိရာ ထိုအလုပ်ရုံဆွေးနွေးပွဲက မည်သည့်အကျိုးရလာဒ်များ
ဖြစ်ပေါ်စေမည်ကို စိတ်ဝင်စားလျက်ရှိကြသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template