Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည် မီဒီယာ ကိုပြောပြီ

ဒေါ်အောင်ဆန်းစုကြည် မီဒီယာ ကိုပြောပြီ

Written By လွင့်မောင်မောင် on Tuesday, October 23, 2012 | 1:44 AM


သတင်းတွေဘာတွေယူတဲ့အခါမှာပေါ့ သတင်းတွေမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာကအခြေအနေတွေဘာတွေ သုံးသပ်တဲ့အခါမှာ လေးလေးနက်နက်ကြည့်၊ အပေါ်ယံကြောမကြည့်နဲ့၊ နောက်တစ်ခုကလည်း လူတွေရဲ့လုပ်ဆောင်မှု အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ အရှေ့၊ အနောက်ညီလားဆိုတာ အမြဲစစ်ဆေးနေ..အဲ့ဒါအရေးကြီးတယ်..ခုတစ်မျိုးခုတစ်မျိုးဆိုတဲ့ဟာမျိုးဟာ ဘယ်တော့မှစိတ်မချရဘူးဆိုတာသိရမယ်..နောက်ပြီးတော့ အပေါ်ယံကြောလေးကြည့်ပြီးတော့ ဆုံးဖြတ်ချက်နဲ့ဆိုလို့ရှိရင် အများအကျိုးမပေးဘူး..အများကိုတစ်ချိန်လုံးပဲသတိပေးနေတာ...

အထူးသဖြင့် မီဒီယာရဲ့လူငယ်တွေပေါ့နော်..အခုထဲက ကိုယ့်ကိုယ့်ကို ဖြောင့်မတ်တဲ့လမ်းပေါ်တင်ထားကြပါ..နောက်အသက်ကြီးလားလို့ရှိရင်ပြောင်းရ ပြုရခက်တယ်.ဘာလို့်လဲဆိုတော့လူကပိုးဝင်သွားတတ်တယ်..နေရာ.အာဏာ.သြဇာ သာယာသွားနိုင်တယ်..အဲ့ဒါကို အမြဲသတိထားရမယ်..ကိုယ့်ကိုယ့်ကို လည်းသတိထား.သူများကိုလည်း ကြည့်ရမယ်..ဘယ်သူကပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေပြတတ်တယ်..

အဲ့တော့ ကိုယ့်ဘာကိုယ်ဒါကိုကြည့်တတ်ရမယ်..ရှေ့နောက်မညီတဲ့ကိစ္စတွေ အပြင်နောက်သာယာလာတဲ့ကိစ္စတွေပေါ့နော်...မီဒီယာမှာလည်းဖြစ်တတ်တယ်...
မီဒီယာမှာကျတော့ သတိထားရမှာက...အခုခေတ်က မီဒီယာကတော်တော်သြဇာရှိတယ်..
လူတွေဟာ သြဇာရှိရင် မြောက်သွားတတ်တယ်..သူတို့ အင်္ဂလိပ်အဆိုအရဆိုလို့ရင်တော့..
Power Corrupt .သြဇာအာဏာဟာလူကိုပျက်စီးစေတယ်ဆိုတာအဲ့ဒါကိုပြောတာ
absolute power ...absolute corrupt လုံးဝအာဏာရှိလို့ရှိရင် လုံးဝပျက်ဆီးစေတယ်

သြဇာအာဏာရှိခြင်းကိုက လူတွေကို ပျက်စီးစေတယ်..အဲ့တော့ ကိုယ်ကိုယ်ကိုယ်လည်း
ဒီဟာကို အမြဲဆင်ခြင်ရမယ်..မီဒီယာက အခုခေတ်မှာ သြဇာအာဏာရှိတယ်..
ငါတို့ကပြောလိုက်လို့ရှိရင် လူတစ်ယောက်ရဲ့ဘ၀ကိုပြောင်းလဲနိုင်တယ်ဆိုတာက အသိဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့.ဒါဟာတာဝန်...အဲ့တော့ ..ကိုယ့်ကြောင့် လူတစ်ယောက်ရဲ့ဘ၀ပျက်သွားမှာဆိုလို့ရှိရင် .ကိုယ့်ကြောင့်တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သွားမယ်..
ဆိုတာ အမြဲပဲစဉ်းစားရမယ်....အဲ့တော့ အမေက လူငယ်တွေကိုပဲ ပြောရမှာပဲ ..လူကြီးတွေက တော့ အစထဲကအဲ့စိတ်ဓာတ်မရှိလို့ရှိရင် အခုမှပြင်ပေးလို့မရတော့ဘူး...
ခေါက်ရိုးကျိုးကုန်ပြီ........

သတင်းစာဆရာကြီးတွေထဲမှာဆိုလို့ရှိရင် လူရိုသေရှင်ရိုသေပေါ့နော် တစ်သက်လုံး....ခိုင်ခိုင်မာမာနဲ့လုပ်သွားတဲ့သတင်းစာဆရာကြီးတွေရဲ့ နမူနာကိုယူပါ...အခုတချို့ဆိုလို့ရှိရင် ပိုက်ဆံရရေးပေါ့ ..ပိုက်ဆံရရေးလုပ်တဲ့အခါမှာ...တချို့ကိစတွေကျတော့ ပြောရမယ်ဆိုလို့ရှိရင် ဥပဒေအရတော့ ဘာမှလုပ်လို့မရဘူးပေါ့..ဒါပေမယ့်အတင်းအဖျင်းတွေဘာတွေ...ရိုးရိုးပုဂိုလ်တွေရဲ့ သူတို့ကိုယ်ရေးကိုယ်တာကိစတွေဖော်ထုတ်တာတွေဟာ တကယ်တော့လည်း တိုင်းပြည်နဲ့လည်းမဆိုင်ဘူး..ကိုယ်ရဲ့နိုင်ငံ..ကိုယ့်ရဲ့အသိုင်းအ၀ိုင်းရဲ့အကျိုးအမြတ်နဲ့လည်း မဆိုင်ဘဲနဲ့လူတွေ ဖတ်လို့ကောင်းအောင်ဆိုပြီးရေးတာတွေက.ပုဂိုလ်တွေရဲ့ဘ၀တွေပျက်စရာရှိပါတယ်..

အဲ့ဒါတွေကျတော့ အမေ့အနေနဲ့.ဒါမြင့်မြတ်တဲ့မီဒီယာရဲ့လုပ်ကိုင်မှုမျိုးလို့မမြင်ဘူး.
.ထောက်ပြသင့်တာထောက်ပြတာကတစ်မျိုးပေါ့နော်...ဒါပေမယ့် အလကားသပ်သပ်သတင်းထူးဆိုပြီးတော့ လူဝယ်ဖတ်အောင်လုပ်တာမျိုးတော့ တခြားသူတွေပေါ်မှာလည်း ကိုယ့်မှာ လူသားတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်ဆိုတာတော့ ကလေးတွေမှတ်ထားကြ..အမေတို့မီဒီယာကကံကောင်းတာဘာလဲဆိုတော့.အခုမှစတယ်ဆိုတော့ လူငယ်တွေအရမ်းများတယ်..လူငယ်တွေဆိုတော့ကိုယ်ကိုယ်ကိုတည့်သွားနိုင်တယ်.
.ခေါက်ရိုးကျိုးနေတဲ့လူတွေကတော့ ကျိုးနေပြီ.ဘယ်လိုမှလုပ်လို့မရတော့ဘူး."

ပြည်ထောင်စုလွှတ်တော်တွင် ယနေ့(၂၂.အောက်တိုဘာ.၂၀၁၂) ပြောကြားသွားခြင်း ဖြစ်သည်။

Ref- Monica Lynn


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template