Headlines News :
Home » » မြောက်ဦး ပဋိပက္ခအတွင်း ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ယူဆောင်

မြောက်ဦး ပဋိပက္ခအတွင်း ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ယူဆောင်

Written By လွင့်မောင်မောင် on Tuesday, October 23, 2012 | 1:56 PM


မနေ့က မြောက်ဦိးပဋိပက္ခတွင် မြောက်ဦးမှ ရခိုင် (၄)ဦး ဒဏ်ရာရပြီး အရေးပေါ် အခြေအနေကြောင့် စစ်တွေ ဆေးရုံသို့ ရောက်နေ ကြောင်း၊
နောက်ထပ်လည်း မြောက်ဦးတွင် ဒဏ်ရာရရှိသူ (၇)ဦး ရှိနေသေးကြောင်း သတင်းရရှိသည်။

စစ်တွေဆေးရုံတွင် ရောက်ရှိနေသော ဒဏ်ရာရလူနာ (၃)ဦးမှာ ဦးစိန်သာအောင် အသက် (၆၀) လွမ်းတောင်ကျေးရွာ၊ အဖ ဦိးမောင်စိုးနု၏ သား မောင်မောင်နိုင် အသက် (၃၀) မောင်သာကုန်းရွာ၊ မောင်ထွေးစိန် ကျောင်းတောင်ရွာ ဖြစ်ကြောင်းသိရှိရသည်။ လွမ်းတောင်ရပ်ကွက်မှ ဦးစိန်သာအောင်၏ အခြေအနေမှာ စိုးရိမ်နေရပုံကို စစ်တွေဆေးရုံတွင် ရောက်နေသော သူ့၏သားဖြစ်သူ စိုးမောင်မှ "ဟုတ်ပါတယ် အဖေရဲ့ပခုံးမှာ လှံထိုးမိတဲ့ဒဏ်ရာနဲ့ အခုချိန်ထိ သတိမရသေးပါဘူး။ အဲဒီ ဒဏ်ရာကြောင့် အောက်ပိုင်း လည်း မလှုပ်နိုင် ဖြစ်နေပါတယ်။" ဟု ပြောပြသွားသည်။

ထိုလူနာများ၏ အခြေအနေနှင့် လူနာများကို အကူအညီပေးရန်အတွက် ဝံလက်ဖောင်ဒေးရှင်းကို အကူအညီ တောင်းထားခြင်းကို စစ်တွေမြို့မှ ကျောင်းဆရာတစ်ယောက်ဖြစ်သူ ဦးသိန်းထွန်းအေးက "စစ်တွေဆေးရုံမှာ ဒဏ်ရာရသူ (၃) ဦးရောက်နေပါတယ်။ တစ်ယောက်ကတော့ အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်။ နောက်ထပ်လည်း မြောက်ဦးမှာ ဒဏ်ရာရသူ (၇)ဦး ရှိသေးပါတယ်။ အခု ဝံလက်ဖောင်ဒေးရှင်းကို အကူအညီတောင်းပြီးတော့ လူနာတွေကို အကူအညီပေးရန်ကြိုးစားနေပါတယ်။" ဟု ပြောပြသွားသည်။

  :ခိုင်ခိုင်Arakan Time
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template