Headlines News :
Home » » နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၊ ဒုတိယဘဏ္ဍာရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် Sanction ဖယ်ရှားရေး ဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၊ ဒုတိယဘဏ္ဍာရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် Sanction ဖယ်ရှားရေး ဆွေးနွေး

Written By လွင့်မောင်မောင် on Friday, October 26, 2012 | 9:50 AM

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီတွင် အမေရိကန်ပြည်ထောင်စု၊ ဒုတိယဘဏ္ဍာရေးဝန်ကြီး H.E. Mr. Neal Steven Wolin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဒုတိယဘဏ္ဍာရေးဝန်ကြီးနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် သံရုံးမှ တာဝန်ရှိသူများ၊ အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် အထောက်အပံ့ ဖြစ်စေနိုင်မည့် ဗဟိုဘဏ်လုပ်ငန်းဆိုင်ရာများ၊ ငွေကြေးလုပ်ငန်း ပညာရပ်များ၊ နည်းပညာရပ်များနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အကူအညီပေးရေး၊ ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများအား အပြီးတိုင် ပယ်ဖျက်ပေးနိုင်ရေး တို့အား ရင်းနှီးစွာ ဆွေးနွေးကြသည် ။
Hmuu Zaw(Facebook)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template