Headlines News :
Home » » မြန်မာက အိမ်ရှင်ဖိလစ်ပိုင်ကို (၄-၀)ဂိုးဖြင့် အနိုင်ယူပြီး အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲအောင်မြင်

မြန်မာက အိမ်ရှင်ဖိလစ်ပိုင်ကို (၄-၀)ဂိုးဖြင့် အနိုင်ယူပြီး အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲအောင်မြင်

Written By လွင့်မောင်မောင် on Sunday, October 21, 2012 | 8:09 PM

 527510_497013253649967_774560509_n
၂၀၁၃ အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအဖြစ် အောက်တိုဘာ(၁၉)ရက်နေ့က အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်း
တို့ မနီလာမြို့ Rizal Memorial Track and Football Stadium ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၄-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ
ခဲ့သည်။ မြန်မာအသင်းတွင် ဂိုး- မေဇင်နွေး၊နောက်တန်း- အေးအေးမိုး၊ခင်ဇာဇာဝင်း၊ငုဝါသဲ၊အလယ်တန်း- စုနန္ဒာ၊၀င်းသိဂီင်္ထွန်း၊၀တ်ရည်
၊ရှေ့တန်း- နီလာဝင်း၊မေသူကျော်၊အေးမျိုးမြတ် တို့ပွဲထွက်ကစားခဲ့ကြသည်။
မြန်မာအသင်းအတွက် ပွဲချိန်(၁၅)(၈၅)မိနစ်တွင် နီလာဝင်း၊ (၆၁)မိနစ်တွင် ၀င်းသိဂီင်္ထွန်းနှင့် (၆၀)မိနစ်တွင် မေသူကျော်တို့က
အနိုင်ဂိုးများသွင်းယူခဲ့ကြသည်။မြန်မာအသင်းသည် ယခုပွဲအနိုင်ရရှိခဲ့သောကြောင့် ခြေစစ်ပွဲပထမအဆင့်အောင်မြင်သွားခဲ့ပြီဖြစ်ပြီး
လာမည့်ဒီဇင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ ဒုတိယအဆင့်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ပွဲဦးထွက်တွင် တရုတ်(တိုင်ပေ)ကို (၃-၁)ဂိုးဖြင့်အနိုင်ရထားရာ လက်ရှိအချိန်တွင် ၂ ပွဲနိုင်(၆)မှတ်ဖြင့်
အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။ အောက်တိုဘာ(၂၁)ရက်နေ့တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ဟောင်ကောင်
အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်
FNG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template