Headlines News :
Home » » မော်နီတာ ဂျာနယ်၏ မြစ်ဆုံအရေး မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ရှင်းလင်း ဖြေကြားချက်

မော်နီတာ ဂျာနယ်၏ မြစ်ဆုံအရေး မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ရှင်းလင်း ဖြေကြားချက်

Written By လွင့်မောင်မောင် on Tuesday, October 23, 2012 | 2:02 PM




 မော်နီတာ ဂျာနယ်မှမေးမြန်းစဉ်
 ဒါကတော့ ခင်ဗျားရဲ့ အယူအဆပေါ့ဗျာ၊၊ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ပြဿနာတစ်ရပ် ကို ပြေငြိမ်းအောင် လုပ်ရဖို့ ကျွန်တော့မှာတာဝန်ရှိပါတယ်။ ရှိတော့ ကိုယ်တာဝန်ယူရတဲ့ အချိန်မှာတော့ ပြည်သူရဲ့ဆန္ဒအရ ဒါကိုမလုပ်စေချင်ပါဘူး။ မလုပ်စေချင်တဲ့ အတွက် ကြောင့် ပြည်သူရဲ့ဆန္ဒအရကြောင့် ကျွန်တော်တို့ ရပ်တန့်မယ်။ နောက်အစိုးရ တက်လာရင် တော့ ကျွန်တော် ဖြစ်ချင်မှဖြစ်တော့မယ်။ နောက်အစိုးရ တက်လာရင်တော့ သူတို့ရဲ့ သဘောထားများ အပေါ်မှာမူတည်ပါတယ်။ သူတို့ရဲ့ သဘောထားဆိုတာ ထက် ပြည်သူ တို့ရဲ့သဘောထား အပေါ်မှာပဲ မူတည်ပါတယ်၊

အခုဆက်လုပ်နေတယ် မဟုတ်ပါဘူး။ အခုပစ္စည်းတွေတောင် ရွှေ့နေတဲ့အနေအထားမှာ ရှိနေပါတယ်၊တစ်ချို့ကိစ္စတွေကလည်း ဝန်ကြီးဌာနတွေနဲ့ ဆက်ဆံရတဲ့ အနေအထားမှာရှိပါတယ်၊သဘောပေါက်ထားဖို့ကတော့ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီ အတွေ့အကြုံက နည်းပါတယ်။ ဒီမိုကရေစီအလေ့အကျင့် တွေ နည်းပါးသည့်အတွက်ကြောင့် ဒီမိုကရေစီအတွေ့အကြုံတွေ ဒီမိုကရေစီ အလေ့အကျင့် တွေ နည်းတာနဲ့အမျှ ဆက်ဆံရေးတွေကလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ် လတ်တလောကတော့ ဒါတွေရှိနေမှာပါပဲ။ ခက်တာကလဲ ကျွန်တော်တို့ကလွှတ်တော်ကို သြဇာသက်ရောက်မှုက မရှိဘူး ၊ သမ္မတကိုတောင် လွှတ်တော်က ဖြုတ်ချလို့ရတယ်။

မီဒီယာအချို့ တရားစွဲခံထားရသည့်ပတ်သက်ပြီးမော်နီတာဂျာနယ်မှမေးမြန်းချက်။

ခုနကလိုပဲ တရားဥပဒေဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ တရားဥပဒေ အထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတော့ သမ္မတလည်း လုံးဝမရှိစေရဘူးပေါ့။ တရားဥပဒေအတိုင်းပဲ ဖြစ်မှာပါ။ တရားဥပဒေ အတိုင်းပဲဖြစ်မှာပါ။ ကျွန်တော်တို့ အပိုင်းကသွားပြီးတော့ ခင်ဗျားတို့ ဘယ်လိုဆုံးဖြတ်ပေးပါဗျာ။ ခုနကလို ဘယ်လိုအလျှော့ပေးလိုက်ပါဗျာ ဘယ်လိုလွှတ်ပေး လိုက်ပါဗျာ ဆိုပြီးတော့  တရားရေးဏ္ဍိုင်ကို သွားပြောပေးလို့မရပါဘူး။ တရားဥပဒေအရ အပြစ်ရှိရင်လည်း အပြစ်ရှိတဲ့အလျောက်ဖြစ်မှာပါ။ အပြစ်မရှိဘူးဆိုရင်လည်း အပြစ်မရှိတဲ့ အလျောက်ဖြစ်မှာပါ။ ဒါတရားရေးရဲ့ ဆုံးဖြတ်ချုက်အရပဲ ဖြစ်မှာပါ။ သို့သော်လည်းပဲ တရားရုံးကိုတင်တဲ့ အဆင့်မရောက်သေးဘူး ။ ကြားနာနေတုန်းပဲ အမှုစွဲတုန်းပဲဆိုရင်တော့ ညှိလို့ အဆင်ပြေသွားတယ်ဆိုရင်ပဲ ပြီးသွားမှာပါ။ တရားရုံး ရောက်သွားရင်လည်း ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရပါဘူး။

 by Hmuu Zaw (Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template