Headlines News :
Home » » သဘင်၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာမောင်နှမများ စုစည်းဖျော်ဖြေ တင်ဆက်ခဲ့ကြတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွက်ထည်ရုံပွဲ

သဘင်၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာမောင်နှမများ စုစည်းဖျော်ဖြေ တင်ဆက်ခဲ့ကြတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွက်ထည်ရုံပွဲ

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 3:57 PM


ရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်းရဲ့ ရွက်ထည်ရုံပွဲကို အောက်တိုဘာ ၁၉ရက် နဲ့ ၂ဝရက်နေ့တွေမှာ ညနေ ၆ နာရီခွဲကစပြီး နှစ်ညတိုင်တိုင် ပြည်သူ့ ဥယျာဉ် ရေ ပန်းရုံရှေ့ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွက်ထည်ရုံပွဲက ထူးခြားတယ်လို့ ဆိုရမှာပါ။

သံဖရိန်ရွက်ထည်ရုံနဲ့ ကပြခဲ့တဲ့ ဒီပွဲမှာ ဇာတ်ရုံကို အမိုး၊ အကာနဲ့ အလုံပိတ်ထားပြီး ကပြဖျော်ဖြေ တင်ဆက်ခဲ့တာမျိုး မဟုတ်ဘဲ ပြည်သူ့ရင်ပြင်ရဲ့ ဝင်ကြေးပေးရုံ နဲ့ ဘယ်သူမဆို လာကြည့်လို့ရတဲ့ အနေအထားနဲ့ တင်ဆက် ဖျာ်ဖြေခဲ့ခြင်းကလည်း တင်မောင်ဆန်းမင်းဝင်းရဲ့ ပရိသတ်အပေါ်ထားတဲ့ စေတနာလို့ပဲ ပြောရမှာပါ။

 ပွဲရဲ့ အဖွင့်ကိုတော့ ‘ရွှေမန်းလာပြီ’သီချင်းနဲ့ စဖွင့်ခဲ့ပါတယ်။ ဆက် လက်ပြီး မြန်မာသံကဏ္ဍမှာ တင်မောင်ဆန်းမင်းဝင်းရဲ့ ဖခင်ဖြစ်သူ သဘင်မင်းသားကြီး ဆန်းဝင်းက ‘ငွေသော်တာစမ်း’ သီချင်းနဲ့ ဒေဝစ္ဆရာသီချင်းကို သီဆို ခဲ့ပါတယ်။

‘ချမ်းမြေ့ပါစေ’သီချင်းကိုတော့ တင်မောင်ဆန်းမင်းဝင်းက ညီမဖြစ်သူ မေတင်မောင်ဆန်းဝင်းနဲ့အတူ သီဆိုခဲ့ပြီး ဇံဟိန်းနဲ့ မင်းသမီးနန်းခင်မွှေး တို့ကလည်း သီချင်းများနဲ့ တင်ဆက်ခဲ့ ကြပါတယ်။ ဆက်လက်ပြီး ပုဂံအက ကဏ္ဍမှာတော့ဖူးစုံ၊ မေကဗျာ၊ ခင်လေးနွယ်တို့က လှပတဲ့ကကြိုးတွေနဲ့အတူ ကပြ တင်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် ‘ ယောက်ျား တံခွန်’ အော်ပရာကိုတော့ တင်မောင်ဆန်းမင်းဝင်းက ဂျင်းနီ၊ ဒါလီလင်း၊ နေခြည်ငြိမ်းချမ်းတို့နဲ့အတူ ကပြတင်ဆက်ခဲ့ပါတယ်။
ဒီအော်ပရာ မှာ မြင်းဖြူ ကြီးစီး၊ တိမ်တွေပေါ်ကို တက်သွားပြီး ပြန်ဆင်းလာတဲ့ အခန်းမှာ တင်မောင်ဆန်းမင်းဝင်းက တကယ့်ကိုပဲ မြင်းဖြူကြီးစီး၊ တိမ်တွေပေါ်ကို တက်ပြီး ပြန်ဆင်း လာတဲ့ဟန်နဲ့ သရုပ်ပြ တင်ဆက်ခဲ့တာကို ပရိသတ်တွေက လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ပွဲကျစေခဲ့ပါတယ်။ ဆက်လက်ပြီး တင်မောင်ဆန်းမင်းဝင်းရဲ့ပွဲ မှာ ကူညီပြီး အားဖြည့်ပေးခဲ့တဲ့ သဘင်မင်းသားကြီး မိုးမင်းကလည်း ‘အရိပ်ပမာမခွဲခွာ’ သီချင်းကို သီဆိုခဲ့ပြီး ‘လက်ရည်တစ်ပြင်တည်း ‘ သီချင်းကိုတော့ သရုပ်ပြတင်ဆက်မှုတွေ နဲ့ ဖျော်ဖြေတင်ဆက် ခဲ့ပါတယ်။

 အဲဒီနောက် ပြဇာတ်ကဏ္ဍမှာတော့ မင်းသမီး နန်းခင်မွှေးနဲ့တွဲဖက်ပြီး “မုန်းလို့ဟုတ်ဘူး” ပြဇာတ်ကို တင်ဆက်ခဲ့ကြပါတယ်။ ပြဇာတ်ကပြီး စတိတ်ရှိုး ကဏ္ဍ မှာတော့ စွမ်းဇာနည်နဲ့ ဆုပန်ထွာတို့က သီချင်းများနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီးဟန်ဇာမိုးဝင်းနဲ့ တင်ဇာ မိုးဝင်းတို့ မောင်နှမနှစ်ယောက် ကတော့ ပွဲရက်မှာ နယ်မှာ ဇာတ် ကနေရတဲ့ အတွက် လူကိုယ်တိုင် လာရောက် မဖျော်ဖြေရပေမယ့် LED ကနေပဲ တင်မောင် ဆန်းမင်းဝင်းနဲ့အတူ သီချင်း တစ်ပုဒ်ကို ဖျော်ဖြေ တင်ဆက် ခဲ့ကြ ပါတယ်။ ဒီ့နောက် စတိတ်ရှိုး ကဏ္ဍအတွက် နှင်းဆီအဖွဲ့သား များဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း (Examplez)၊ မိုးမိုး၊ ရဲလေးတို့ နဲ့ အတူ မင်းသွေးက သီချင်းတွေ နဲ့ ဖျော်ဖြေခဲ့ ကြသလို စတိတ်ရှိုး ကဏ္ဍရဲ့ အပိတ်ကိုတော့ နှင်းဆီအဖွဲ့နဲ့အတူ တင်မောင်ဆန်းမင်းဝင်းက ချစ်သောကမ္ဘာမြေ သီချင်းကို သီဆိုခဲ့ကြပါတယ်။ စတိတ်ရှိုး ကဏ္ဍအပြီး နှစ်ပါးသွား ကဏ္ဍကို ဆက်ပြီး တင်ဆက်ခဲ့ကြပါတယ်။

 တစ်ရက်နဲ့ တစ်ရက် တစ်မူထူးခြားတဲ့ အစီအစဉ်တွေနဲ့ အတူ သဘင်၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာ မောင်နှမတွေ အားလုံး စုစည်းပြီး ဖျော်ဖြေ တင်ဆက်ခဲ့ကြတဲ့ ရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်းရဲ့ ရွက်ထည်ရုံပွဲက ပရိသတ်တွေကို စိတ်ကျေနပ်မှု အပြည့် ပေးနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ လင်းအက္ခရာ ၊ ဓာတ်ပုံ-အောင်ဇော်မင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template