Headlines News :
Home » » ၂၄.၁၀.၂၀၁၂ ရက် နံနက်ပိုင်း ရခိုင်ပြည်သတင်း

၂၄.၁၀.၂၀၁၂ ရက် နံနက်ပိုင်း ရခိုင်ပြည်သတင်း

Written By လွင့်မောင်မောင် on Wednesday, October 24, 2012 | 11:43 AM

Photo: ရခိုင်ပြည်ကျောင်းသားသမဂ ကျောင်းသား/ သူများဆန္ဒဖေါ်ထုတ်ပွဲ 


အေးချမ်းမွန်မှCoral Arakan News Agency တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Coral Arakan News Agency

--------------
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသားများမှ ဆန္ဒဖော်ထုတ်လျှက်ရှိ၊
မြောက်ဦးမြို့တွင် အခြေအနေမှာ ဆက်လက်တင်မာလျှက်ရှိပြီး တဖက်နှင့် တဖက် ရန်စောင်းမှုများရှိနေသည်ဟု သိရှိရပါသည်။

ပေါက်တောမြို့တွင် ဘင်္ဂလီကုလားများသည် လှေ၊ စက်လှေများဖြင့် ထွက်ပြေးလျှက်ရှိသည်ဟု သိရှိရပါသည်။

မြေပုံမြို့တွင် သင်္ချိုင်တောင်၌ ရခိုင်နှင့် ဘင်္ဂလီကုလားများ အပြန်အ
လှန် တိုက်ခိုက်လျှက်ရှိနေသည်ဟု သိရှိရပါသည်။

ကျောက်ဖြူမြို့တွင်လည်း အပြန်အလှန်တိုက်ခိုက်မှုများဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြင့် ပြင်းထန်လျှက်ရှိသည်ဟု သိရှိရပါသည်။

မင်းပြားမြို့တွင် အခြေအနေမှာ ငြိမ်နေသည်ဟု ထင်ရသော်လည်း အခြေအနေမှာ စိုးရိမ်နေရသည်ဟု သိရှိရပါသည်။

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များလည်း လမ်းသွားလမ်းလာလမ်းပါးပြီး လုံခြုံရေးအပြည့်ချထားသည်ဟု သိရှိရပါသည်။

ှRakhine Straight Views
----------------------------------------------------------------------------------------------------------------------------
စစ်တွေတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်

Written by မင်းသွီး Wednesday, 24 October 2012 09:17

အောက်တိုဘာလ ၂၄ရက် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂမှ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ပြုလုပ်မည် သတင်းရရှိသည်။

ရခိုင်ကျောင်းသားမဂ္ဂမှ အောက်တိုဘာလ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက် ၅ချက်အား အကောင်အထည်မဖော်ပေးသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုဆန္ဒဖော်ထုတ်ပွဲကို လောကနန္ဒာစေတီတော်တွင် လူစုပြီး တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများပူးပေါင်းဝင်ကာ ဆရာတော်ဦးဥတ္တမပန်းခြံသို့ ချီတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"အခုကျနော်တို့ လူစုနေပါတယ်၊ ကျောင်းသား၊ ကျောင်းသူ ၅၀၀ကနေ ၁၀၀၀ကြားမှာရောက်ဖို့ ရှိပါတယ်။ ကျနော်တို့တောင်းဆိုထားတဲ့အချက်ငါးချက်ကို သမ္မတ ဦးသိန်စိန် အစိုးရအနေနဲ့ အကောင်အထည်မဖော်သေးသရွေ့ ကျနော်တို့အဆင့်ဆင့် ဆန္ဒပြတောင်းဆိုသွားပါမယ်"ဟု စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးမှ ပြောသည်။

ရခိုင်ကျောင်းသားသမဂ္ဂမှ တောင်းဆိုထားသော အချက် ၅ ချက်မှာ-

(၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
(၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
(၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
(၄) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။
(၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။ တို့ဖြစ်သည်။


ှ Arakan Time
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template