Headlines News :
Home » » နိုင်ငံတော်အလံပြောင်းပြန်ယတြာအစီအရင်

နိုင်ငံတော်အလံပြောင်းပြန်ယတြာအစီအရင်

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 12:01 PM

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ကို ဂုဏ်သိက္ခာနှင့်အညီ စနစ်တကျ နည်းလမ်းမှန်ဖြင့် အသုံးပြုနိုင်ကြစေရန် နိုင်ငံတော်အလံဥပဒေကို (၂၁-၁၀-၂၀၁၀)နေ့က ဥပဒေအမှတ်(၈/၂၀၁၀)ဖြင့် အမိန့်ထုတ်ပြန်ပြဌာန်းထားပါသည်။

နိုင်ငံတော်အလံဥပဒေတွင်-ပုဒ်မ ၁၃။နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍မည်သူမျှအောက်ဖေါ်ပြပါ တစ်ခုခုကို မပြုလုပ်ရ-

(က)နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ဂဏန်း၊ရုပ်ပုံနှင့်သင်္ကေတ စသောအ မှတ်အသားတစ်ခုခုကို ရေးသားချယ်လှယ်ခြင်း ၊တွယ်ကပ်ခြင်း၊ပုံနှိပ်ခြင်း၊(သို့)တစ်ခုခုဖြင့် အရာထင်စေခြင်း

(ခ)နိုင်ငံတော်အလံကို (၁)အဆင်းအရွယ်၊ပုံသဏ္ဍန်(သို့)အချိုးအစားပျက်ပြားရန်ပြုခြင်း(၂)ပြဌာန်းခွင့်ပြုထားခြင်းမရှိသည့်နေရာ

၊ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း။(၃)မလေးမစားပြုခြင်း၊ ။

ပုဒ်မ(၁၃)ပါ ပြဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ့ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင်ပါရှိသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဗဟိုညီလာခံကို အောက်တိုဘာ(၁၄)ရက်မှ (၁၇)ရက်နေ့အထိ နေပြည်တော် တွင်ကျင်းပခဲ့ပါသည်။ညီလာခံဖွင့်ပွဲတွင် တေးသရုပ်ဖော်အစီအစဉ်တွင်နိုင်ငံတော် အလံကို ဇောက်ထိုးပြောင်းပြန်လွှင့်ထူခဲ့သည်ကို TRUE NEWS ဂျာနယ်မျက်နှာဖုံးတွင် တွေ့လိုက်ရပါသည်။

ထိုဂျာနယ်တွင်ရေးသားထားသည်မှာ နိုင်ငံတော်၏ အထွတ်အမြတ် အလံတော်ကို ပြောင်းပြန်လွှင့်ထူခြင်းသည် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ယတြာအစီအရင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်းပါရှိပါသည်။

ဗေဒင်ယတြာအလိုအရ တည်ဆဲဥပဒေ ကို ချိုးဖောက်၍ရပါ၏လော၊ဥပဒေအထက်တွင်မည်သူမှ မရှိပါ ။

နိုင်ငံတော်က အသိအမှတ်ပြုလေးစား လိုက်နာကြရသောနိုင်ငံတော် အလံဥပဒေအား အထင်ကရပါတီကြီးကိုဖေါက်ဖျက်ကြူးလွန်ခွင့် မည်သူကခွင့်ပြုခဲ့ပါသနည်း။

နိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုးလွှင့်ထူခြင်းသည်အမြင်မတော်ဆင်တော်နှင့်ခလောက်

ဆိုသလိုဖြစ်နေပါသည်။(ဦးခင်ဇော် (မရမ်းကုန်း)၏ ဆောင်းပါးမှ ကောက်နှုတ်ထားပါသည်။)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template