Headlines News :
Home » » အော် ခက်ပြီ ........ ဘယ်လိုလူကြီးလဲ

အော် ခက်ပြီ ........ ဘယ်လိုလူကြီးလဲ

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 10:37 PM

Photo- Sid Nyein Thu(Facebook)
 အော် ခက်ပြီ ........ ဘယ်လိုလူကြီးလဲ ဘယ်လိုလူကြီးလဲ နိုင်ငံတော်သမ္မတရဲ့စီးပွားရေးအကြံပေးခေါင်းဆောင်ဦးမြင့်က အောက်တို ဘာ ၂၀ ရက်နေ့က UMFCCI မှာ FDI နဲ့ပတ်သက်ပြီး Seminar တစ်ခုလုပ်သွားတယ်။

FDI နဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့ ဘာတွေများပြောမလဲဆိုပြီး အချိန်မီရောက်အောင် ပွဲတစ်ခုကနေ အသည်းအသန် တက္ကစီငှားပြီးလာခဲ့ရတယ်။

တစ်နာရီခွဲကစပြီးပြောသွားလိုက်တာ ပွဲသာပြီးသွားတယ်။ စိတ်ထဲမှာ အလိုမကျ မကျေမနပ်ဖြစ်ကျန်တာပဲ အဖတ်တင်တယ်။ FDI နဲ့ပတ်သက်ပြီး အပီအပြင်ဆွေးနွေးမှုတွေလုပ်မလားဆိုတဲ့

မျှော်လင့်ချက်နဲ့ ဒီပွဲကိုလာတာ နောက်ဆုံးတော့............ ဟင်းးးးးးးးးးးး FDI Law မှာ ဘယ်ဟာတွေကတော့ဖြင့် ကောင်းတယ်၊ ဘယ်ဟာတွေကိုတော့ဖြင့် ပြင်သင့်တယ်၊ စသဖြင့် သေသေချာချာ ချပြဆွေးနွေးမယ်ထင်ထားတာ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အမြန်ဝင်လာနိုင်အောင်FDI Law ကို လက်ခံဖို့၊ သူသည်လည်း ခရိုနီတွေကို လုံးဝ (လုံးဝ) ကို မကြိုက်ကြောင်း ပြောသွားတာပဲရှိတယ်။

မေးခွန်းမေးလို့ရတယ်၊ ဆွေးနွေးလို့ရတယ်ဆိုလို့ ၀င်ရောက် ပြောဆိုဆွေးနွေးကြတဲ့လူတွေကို ပြန်ပြောပုံက

"ခင်ဗျားတို့ပြောတာတွေကို ကျွန်တော် အားလုံးသဘောတူပါတယ်၊ ထောက်ခံပါတယ်၊ ကျွန်တော်က အကြံပေးဆိုတော့ ကျွန်တော့်မှာ အဖြေမရှိဘူးတဲ့။ ခင်ဗျားတို့သိရင် ခင်ဗျားတို့ပဲ ပြောပြပေးလိုက်ပါတဲ့"

Sid Nyein Thu(Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template