Headlines News :
Home » , , » PSY နှင့်အတူ Gangnam Style ကခဲ့သည့် ဘန်ကီမွန်း

PSY နှင့်အတူ Gangnam Style ကခဲ့သည့် ဘန်ကီမွန်း

Written By လွင့်မောင်မောင် on Thursday, October 25, 2012 | 9:10 AM


လက်ရှိအချိန်တွင် YouTube ပေါ်၌ ကြည့်ရှုမှုအကြိမ် သန်း ၅၃၀ ရှိနေပြီး ကမ္ဘာတစ်ဝန်း မသိသူမရှိအောင် နာမည်ကျော်ကြား လာခဲ့သူ ကိုရီးယား rapper PSY သည် ယမန်နေ့က နူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးချုပ်၌ တစ်နိုင်ငံတည်းသားဖြစ်သူ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။


သတင်းထောက်များအား PSY က “အခုဆိုရင်တော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးနဲ့ ဒုတိယ နာမည်အကြီးဆုံး ကိုရီးယားလူမျိုး ၂ ယောက်ကို တစ်နေရာထဲမှ တွေ့ရပါပြီ။” ဟု ပြန်လည်နောက်ပြောင်ခဲ့သည်။
ယင်းတို့ ၂ ဦးသည် တစ်ဦးနှင့်တစ်ဦးအပေါ် ချီးမွမ်းပြောဆို သွားခဲ့ကြပြီး မစ္စတာဘန်ကလည်း Gangnam Style အကအား PSY နှင့်အတူ ကြိုးစား ကပြခဲ့သည်။

မစ္စတာဘန်က ဆက်လက်ပြီး “PSY ကတော့ အရမ်းကို cool ဖြစ်တယ်ဗျာ။ ကမ္ဘာကြီး ပူနွေးလာတာကို ကာကွယ်ပေးနိုင်ရင် အတော်ကောင်းမယ်။” ဟု ဆိုခဲ့သည်။ ထို့အပြင် ယင်းက “အားလုံးသိတဲ့အတိုင်းပဲ ကုလသမဂ္ဂ အစည်းအဝေးတွေက အရမ်းကို ရှုပ်ထွေးပြီး ခက်ခဲနက်နဲလေ့ ရှိပါတယ်။ ကျွန်တော် စဉ်းစားမိတယ်လေ။ အဲလိုအချိန်မှာ အစည်းအဝေးကို ခဏရပ်ပြီး အားလုံး ညီညီညွတ်ညွတ်နဲ့ Gangnam Style က လိုက်ရင် ဖိစီးမှုတွေ လျော့သွားမလားပဲ။ UN Style ပေါ့ဗျာ။” ဟု ထပ်မံနောက်ပြောင်ခဲ့သည်။

PSY (နာမည်ရင်း Park Jae-sang) ကလည်း မစ္စတာဘန်အား ချီးမွမ်းခန်း ဖွင့်ခဲ့ပြီး “ကိုရီးယား လူမျိုးတွေအတွက်ကတော့ ဒီပုဂ္ဂိုလ်ဟာ သူရဲကောင်းပါပဲ။ အားလုံးရဲ့ နှလုံးသားထဲမှာ ရှိနေပါတယ်။ အတော်ဆုံးတွေထဲက အတော်ဆုံး လူတစ်ယောက်ပါ။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်က ကျွန်တော့ရဲ့ ဗီဒီယိုကိုကြည့်ပြီး hit ဘယ်လောက် ရှိလဲဆိုတာကို သိနေတော့ ဂုဏ်ယူမဆုံးပါဘူး။ Billboard မှာ နံပါတ် ၂ နေရာ ရခဲ့တုန်းကထက်တောင် ပိုပြီး ကြေနပ်မိပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် PSY နှင့် မတွေ့ဆုံမီကလည်း ကမ္ဘာ့အလွတ်ခုန် စံချိန်ရှင် skydiver ဖြစ်သူ Felix Baumgartner နှင့် တွေ့ဆုံခဲ့သည်။
Felix ၏ ယခင်အပတ်က ပြုလုပ်ခဲ့သည့် မြေပြင်အထက် ၂၄ မိုင် အာကာသအစပ်မှ အလွတ်ခုန်ခဲ့ခြင်းသည် အမြင့်စံချိန်နှင့် အသံထက်မြန်သည့် လူသားစံချိန်တို့အား တင်ရှိနိုင်ခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံမှုများကြောင့် မစ္စတာဘန်သည် ယင်း၏နေ့စဉ် လုပ်ငန်းဆောင်တာများ ဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပဏိပက္ခဖြေရှင်းရေးနှင့် စစ်ပွဲများအကြောင်း ဆွေးနွေးနေရမှုများမှာ ခဏတာ လွတ်မြောက်ခွင့်ရရှိခဲ့သည်။ မစ္စတာဘန်၏ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky ကလည်း မစ္စတာဘန်အနေဖြင့် လူ့ဘောင်အဖွဲ့အစည်း အသီးသီးနှင့် ထိတွေ့ဆက်ဆံရန် အရေးကြီးသည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

---

Photo: AFP Getty Images. All Rights Reserved.
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template