Headlines News :
Home » » တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ

တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 7:46 PM

 
မန္တလေး၊ အောက်တိုဘာ ၂၀

ထန်းရိပ်ညို Artist Of The Year တစ်နှစ်ပြည့်နှင့် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ်အဖြစ် အနုပညာ ဆုပေးပွဲနှင့် ဂုဏ်ပြုစာတမ်း ဖတ်ပွဲတွင် ထန်းရိပ်ညို အနုပညာ စင်တာ၏ Artist Of The Year ဆုကို တေးသံရှင် မာမာအေး ရရှိခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်အနားအရ သိရသည်။

အဆိုပါ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများ ချီးမြှင့်ခြင်းကို ပြင်ဦးလွင် အနီးစခန်းရှိ ထန်းရိပ်ညို အနုပညာ ပြခန်းတွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းထန်းရိပ်ညိုထံမှ သိရသည်။

ယင်း Artist Of The Year ဆုကို ယခုနှစ်မှစတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် တေးသံရှင် မာမာအေးကို ပေးအပ်ခဲ့ကာ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုအဖြစ် ကဗျာဆရာ မောင်သင်းပန်နှင့် ဆရာမ မအိတို့ကို ပေးအပ်ခဲ့သည်။
“အဆိုတော် မာမာအေးကို ပေးရတာက သူ့ကို ချစ်ခင်လို့ရယ် မြန်မာပြည်ကို ပြန်လာပြီး မြန်မာသံစဉ် သီချင်းတွေကို သိအောင်လုပ်ပေးလို့ ရွေးချယ်ခဲ့တာပါ” ဟု ထန်းရိပ်ညို အနုပညာပြခန်းပိုင်ရှင် ပန်းချီ ဆရာကြီး ဦးမျိုးခင်က ဆိုသည်။

ထန်းရိပ်ညို အနုပညာစင်တာသည် ထန်းရိပ်ညို အနုပညာဆုကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဦးမျိုးခင်၏ မွေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ထန်းရိပ်ညို အနုပညာဆုအစား ထန်းရိပ်ညို Artist Of The Year ဆုနှင့် ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများကိုသာ ပေးအပ်ဖြစ်ကြောင်း အဆိုပါ ဆုရွေးချယ်ရေး အဖွဲ့ထံမှ သိရသည်။
“ထန်းရိပ်ညို အနုပညာဆုကို ဒီနှစ်မှာတော့ မပေးဖြစ်တော့ဘူး။ ထန်းရိပ်ညို Creation Center တစ်နှစ်ပြည့် အခမ်းအနားနဲ့ ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ် ဂုဏ်ပြု စာတမ်းဖတ်ပွဲ ပြုလုပ်ချင်လို့ ဒီဇင်ဘာမှာလုပ်မယ့် ဆုပေးပွဲကို ဒီနှစ်မှာ မလုပ်ဖြစ်တော့ဘူး။

  Artist Of The Year ဆုကိုတော့ နှစ်တိုင်းပေးမှာပါ” ဟု ဆုရွေးချယ်ရေးအဖွဲ့မှ
ဆရာစိုးဘားဒိုင်က ဆိုသည်။

တေးသံရှင် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံ အချို့သို့ အလည်အပတ် ခရီးထွက်စဉ် ပြည်ပရောက် အတိုက်အခံ အချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ နှစ်ကျော်ကြာ ပြန်မလာ ဖြစ်ရာမှ ၂၀၁၂ ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိခဲ့ပြီး တေးဂီတ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template