
အောက်တိုဘာလ ၁၈ ရက်နေ့က ကော့သောင်း ၊ မြိတ် ၊ထားဝယ်ခရီးစဉ်အတွင်း ငှက်
နှင့် တိုးတိုက်မိပြီးနောက် ဆက်လက်ပျံသန်းရန် အခက်အခဲဖြစ်ပေါ်ခဲ့သည့် မြန်မာ့လေကြောင်းပိုင် ဘရာဇီးနိုင်ငံလုပ် Embraer 190 အမျိုးအစားလေယာဉ်ဖြစ်သည့် XY_ AGQ သည် ထားဝယ်လေဆိပ်တွင် ယနေ့ညနေပိုင်းအထိ ၆ ရက်တာမျှရပ်နားထားရဆဲဖြစ်ပြီး ပြင်ဆင်မှုများပြုလုပ်နိုင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)