Headlines News :
Home » » ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြသူ ကိုထင်ကျော်ကို ပုဒ်မ ၁၈ ဖြင့်ပင် ထောင်ချလိုက်ပြီ

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြသူ ကိုထင်ကျော်ကို ပုဒ်မ ၁၈ ဖြင့်ပင် ထောင်ချလိုက်ပြီ

Written By လွင့်မောင်မောင် on Tuesday, October 22, 2013 | 10:46 AM

 
ဇူလိုင်လအတွင်းက ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းကို အရေးယူသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကို အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့်ပင် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။

“နေ့လယ် ၁၂ နာရီကျော်လောက်က အမိန့်ချလိုက်တာပါ။ တရားရုံးရှေ့မှာတင် ပုဒ်မ ၁၈ နဲ့ကတော့ ခြောက်လ မဟုတ်ဘူး။ ခြောက်နှစ်ဆိုလည်း နေနိုင်တယ်လို့ သူကြွေးကြော်သွားသေးတယ်”ဟု ၎င်းက ပြောပြသည်။

ကိုထင်ကျော်သည် တစ်ကိုယ်တော်ဆန္ဒပြမှု ငါးကြိမ်နှင့် စုပေါင်းဆန္ဒပြမှု ခြောက်ကြိမ် စုစုပေါင်း ၁၁ ကြိမ် ဆန္ဒပြခဲ့ပြီး မြို့နယ်ခြောက်မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့် အမှု ၁၀ မှု တရားစွဲဆိုခြင်းခံထားရသည်ဟု ၎င်းကိုယ်တိုင် ဇူလိုင်လ အတွင်းက ပြောဆိုထားသည်။

အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ကိုထင်ကျော်ကို အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သူ၏ဇနီးက ပြောသည်။

ယခုကဲ့သို့ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် သမ္မတပြောဆိုထားသည့်အတိုင်း ယခု နှစ်ကုန် တွင် နိုင်ငံရေးအကျဉ်းသား အကုန်အစင် လွှတ်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်သေးဟု နိုင်/ ကျဉ်း စိစစ်ရေးကော်မတီ တွင် ပါဝင်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း စက်တင်ဘာလထဲတွင် မဇ္ဈိမကို ပြောဆို ထားသည်။

ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင် ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့် တက်ခြင်းကြောင့် တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ခန်္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၂နှစ် ခွဲကျခံခဲ့ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် နိုင်ငံတော်သမ္မတ၏ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ငြိမ်းခဲ့သည်။

ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကိစ္စ၊ လျှပ်စစ်မီးကိစ္စအပြင် မြေသိမ်းခံရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ဆန္ဒပြခဲ့သည်။

မင်းမင်း
Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template