Headlines News :
Home » , » အလုပ်လက်မဲ့ဖြစ်မှုနှုန်း ချိန်ကိုက်ဗုံး တလုံးလိုပဲဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အလုပ်လက်မဲ့ဖြစ်မှုနှုန်း ချိန်ကိုက်ဗုံး တလုံးလိုပဲဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Written By လွင့်မောင်မောင် on Wednesday, October 23, 2013 | 6:37 PM

 
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ များနေပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်နေတယ်လို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဥရောပ နိုင်ငံခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်ပတဲ့ ဆက်ခါရော့(Sakharov) ဆုချီးမြင့်ပွဲ အခမ်းအနား အပြီး အောက်တိုဘာလ ၂၂ ရက်နေ့က ဥရောပ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနဲ့ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “တနိုင်ငံလုံးမှာ အလုပ်လက်မဲ့နှုန်း အရမ်းမြင့်မားနေပါတယ်။ အထူးသဖြင့် လူငယ်တွေက အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့ကိစ္စဟာ ချိန်ကိုက်ဗုံး ၁ လုံးလိုပါ။ အလုပ်လက်မဲ့ဖြစ်နေရတဲ့ လူငယ်တွေအတွက် အနာဂတ် မျှော်လင့်ချက်တွေ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့်လည်း ကျန် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်” လို့ ပြောပါတယ်။

ရေဆိုရင်လည်း နိုင်ငံအတွင်းက ရေရရှိ လူ ၅၀ ရာခိုင်နှုန်းထက် နည်းနေပါတယ်။ လမ်းအခြေအနေဆုရင်လည်း မကောင်းပါဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ သူတို့တွေလည်း အလုပ်သွားနိုင်မှာပါ။ ကလေးတွေလည်း ကျောင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေအတွက် လမ်းလိုတယ်။ လျှပ်စစ်မီး၊ ကျန်းမာရေးနဲ့ ပညာရေးတွေလည်း လိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အကယ်လို့ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကူညီ ပေးသင့်တဲ့ အရေးကြီးဆုံးကိစ္စတခုကို ပြောပါဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကူညီပေးပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ မတူကွဲပြားမှုတွေ အားလုံးပေါင်းစည်းမှု တည်ဆောက်ရေးတွေကို အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဟာ မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးမရှိဘူးဆိုရင်လည်း ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့နဲ့ ဆာခါရော့ဖ် လူ့အခွင့်အရေးဆု လက်ခံရယူဖို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်း စတင်ခဲ့တာဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်းမှာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

by ခွန်ဘသာ   (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template