Headlines News :
Home » » ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို

ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို

Written By လွင့်မောင်မောင် on Wednesday, October 23, 2013 | 7:21 PM

 
ရန်ကုန်၊ အောက်တိုဘာ၂၃။

အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။

“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်း ခံတာကို ဖော်ထုတ်ဖို့ အမေရိကန်ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် ဗုံးထောင်ရန်လာရောက်တည်းခိုသူသည်ဓါတ်လှေကားကိုပင် အသုံးမပြုတတ်၍ ဟိုတယ်ဝန်ထမ်းကလိုက်ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်အမျိုးသမီး၏ အခြေအနေမှာ အရေးပေါ်စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း၊ခြေထောက်နှစ်ဖက်စလုံးမှာ ဗုံးစများ မှန်ထားသောကြောင့် မတ်တပ်မရပ်နိုင်သေးကြောင်း၊ ကျောက်ကပ်ကို အနည်းငယ်ထိခိုက် သွားသည်ဟု ယူဆရကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအောက်တိုဘာလ ၁၅ရက်နေ့ ညနေတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရှင်းပြပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီးကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူရန်အတွက် အခင်းဖြစ်ပွားသည့်နေ့၌ပင်တွင် လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီး လေဆိပ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယခုလ ၁၅ရက်နေ့ ည ၁၁နာရီ ကျော်ခန့်တွင် ကုန်သည်ကြီးများဟိုတယ်၊ အခန်းနံပါတ် ၉၂၁ ၌ အမေရိကန်နိုင်ငံသူ ရေအိမ်တက်စဉ် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အဆိုပါအခန်းအတွင်း အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး၊ ကလေးငယ်နှင့်အတူ တည်းခိုနေထိုင်ကြောင်း သိရသည်။

People power
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template