Headlines News :
Home » » အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်း ၃၂ ဦးသေဆုံး

အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်း ၃၂ ဦးသေဆုံး

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 5:58 PM

 
အိနိ္ဒယနိုင်ငံမြောက်ပိုင်းတွင် အဆိပ်အတောက်ပါသည့် အရက်များကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာလည်း နာမကျန်းဖြစ်ခဲ့ရသည်ဟု ရဲဌာနမှစနေနေ့တွင် ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

သေဆုံးသူအများစုမှ အလုပ်ကြမ်းသမားများ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အာသာပါရာဒက်ခ်ျပြည်နယ် #Adampur ရွာရှိ ဆိုင်တစ်ဆိုင်မှလွန်ခဲ့သော ကြာသပတေးနေ့တွင် အဆိပ်အတောက်ဖြစ်စေသည့် အရက်များကို ၀ယ်ယူaသာက်သုံးခဲ့ကြသည်။

အဆိုပါအရက်များအား သောက်သုံးပြီးနောက် ချက်ချင်းဆိုသလို နာမကျန်းဖြစ်ခဲ့ရပြီး ဒေသခံဆေးရုံများ သို့ပို့ဆောင်ခဲ့ရသည်။သောကြာနေ့ညအထိ သေဆုံးခဲ့သူပေါင်း ၃၂ ဦးရှိခဲ့သည်ဟု Sen က စနေနေ့တွင် ပြောကြားလိုက်သည်။ တခြားလူ ၅၀ မှာလည်း ဆေးရုံတွင် ဆေးဝါးကုသခံနေရသည်။ ၎င်းတို့အနက် တချို့မှာ အရက်အဆိပ်ကြောင့် မျက်စိကွယ်သွားခဲ့သည်။

ထို့ကြောင့်ရဲများမှ ဆိုင်ပိုင်ရှင်အားဖမ်းဆီးခဲ့သည်။ ဆိုင်ပိုင်ရှင်၏ သားဖြစ်သူမှာလည်း အဆိပ်ပါသည့် အရက်များအား သောက်သုံးခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည်။ ထို့အပြင်အာဏာပိုင်များက စစ်ဆေးနေစဉ် အချိန်အတွင်း အစိုးရအရာရှိများနှင့် ရဲမှုထမ်းလေးဦးကိုလည်း အဆိပ်အတောက်ဖြစ်စေသည့် အရက်များအား ရောင်းချခွင့်ပြုခြင်းဖြင့် တာဝန်ပျက်ကွက်ခဲ့ဟန်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့်ရာထူးမှ ဆိုင်းငံ့ထား လိုက်သည်။

Adampur ကျေးရွာမှာ အာသာပါရာဒက်ခ်ျပြည်နယ်မြို့တော် #Lucknow ၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာတွင် တည်ရှိသည်။ အိနိ္ဒယနိုင်ငံတွင် တရားမ၀င်အရက်များအား သောက်သုံးခြင်းကြောင့် သေဆုံးရမှုများမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ ဆင်းရဲသားများအနေဖြင့် ဈေးကြီးသော အရက်ရောင်းချခွင့်လိုင်စင်များအား မတတ်နိုင်ခြင်းကြောင့် ဖြစ်သည်။ တရားမ၀င် ရောင်းချသည့် အရက်များအား ပိုပြင်းစေရန်အတွက် ပိုးသတ်ဆေးကဲ့သို့သော ဓာတုပစ္စည်းများဖြင့် ရောနှောလေ့ရှိသည်။

Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template