Headlines News :
Home » » ရခိုင်တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ တရားခံ (၂) ဦးကို ကျောက်တော်ရဲစခန်းမှ အချိန်မီ ဖမ်းဆီး ထိန်းသိမ်း

ရခိုင်တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ တရားခံ (၂) ဦးကို ကျောက်တော်ရဲစခန်းမှ အချိန်မီ ဖမ်းဆီး ထိန်းသိမ်း

Written By လွင့်မောင်မောင် on Tuesday, October 22, 2013 | 1:35 PM


 သေလုမျောပါး ဖြစ်နေသော ဦးကျော်သိန်းလှကို တွေ့ရစဉ်။
သေလုမျောပါး ဖြစ်နေသော ဦးကျော်သိန်းလှကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ (၂) ဦးကို ကျောက်တော်ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ တိုက်ခိုက်ခံရတဲ့အတွက် ဒဏ်ရာရတဲ့ သူကလည်း သူ့ကို တိုက်ခိုက်တဲ့ သူက နှစ်ဦးဘဲ ဖြစ်တယ်လို့ ထွက်ဆိုတဲ့ အတွက် တိုက်ခိုက်ရာမှာ ပါဝင်သူ နှစ်ဦးကို သက်သေ အထောက်အထား တုတ်ဓါးတွေနဲ့ အတူ ကျနော်တို့က ဖမ်းဆီး အရေးယူထားလိုက်ပါပြီ” ဟု ကျောက်တော်မြို့ ရဲစခန်း တာဝန်ကျ ရဲအရာရှိက နိရဉ္စရာသို့ ပြောကြားသည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဆင်အိုးပေါက် တောရွာက ဘင်္ဂလီ လူမျိုး အယုအာလီနှင့်  အီကရောင် တို့ ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။
“ အင်တာနက်တွေမှာ တက်နေသလို လူ ၈ ယောက် မဟုတ်ပါဘူး။ သတ်တဲ့ တရားခံတွေကရော၊ ဒဏ်ရာရတဲ့ တရားလိုကရော တိုက်ခိုက်တာက လူနှစ်ဦးဘဲလို့ ထွက်ဆိုတဲ့အတွက် ပါဝင်ပတ်သက်သူ ဘင်္ဂလီ လူမျိုး အယုအာလီနဲ့ အီကရောင်ကို ဖမ်းဆီး စစ်ဆေးပြီး အခု တရားစွဲဆိုဖို့ စီစဉ်နေပါတယ်” ဟု ၎င်း ရဲအရာရှိက ပြောသည်။
ကျောက်တော်မြို့ ပေါက်တောပလောင်ကျေးရွာ   ဦးကျော်သိန်းလှ အသက်(၅၂) သည် အောက်တိုဘာလ ၁၈ ရက်နေ့  ညနေ (၆:၃၀)အချိန်မှာ ပေါက်တောပလောင်ကျေးရွာ နှင့် ဆင်အိုးပေါက်တောရွာကြားချောင်းမှာ ငါးဆင်းရှာ ရန် အသွားတွင် အဆိုပါ တရားခံ နှစ်ဦးမှ တုတ်ဓါးများဖြင့် မသေမချင်း တိုက်ခိုက်ပြီး လမ်းဘေးတွင် ပစ်ထားခဲ့သည်ဟု သိရသည်။
နောက်တစ်နေ့  နံနက် ၄ နာရီခန့်တွင် ဦးကျော်သိန်းလှမှာ သတိပြန်လည်ရလာပြီ ဒဏ်ရာများဖြင့် အိမ်ကို ပြန်လာခဲ့ကြောင်း၊ အိမ်ကို ပြန်ရောက်ပြီး အခြေအနေ မကောင်းသဖြင့်  မိသားစုဝင်များက ချက်ချင်း ကျောက်တော် ဆေးရုံကိုတင်ပို့ခဲ့ကြောင်း၊  ဒဏ်ရာမှာ အသက်အန္တရယ်စိုးရိမ်ရသော အဆင့်ထိ ရှိသဖြင့်  ကျောက်တော် ဆေးရုံမှ စစ်တွေ ဆေးရုံကြီးသို့ ၎င်းနေ့ နေလယ် (၁) နာရီခန့်တွင် ကျောက်တော်နာရေး ကူညီမှုအသင်းကားဖြင့် ရွှေ့ပြောင်း ယူဆောင်ခဲ့ရသည်ဟု သိရသည်။
ဦးကျော်သိန်းလှတွင်  ဦးခေါင်းတွင် ဓါးခုတ် ဒဏ်ရာနှစ်ချက် ၊ မေးစေ့မှာ တုတ်နှင့် ရိုက်ထားသော ဒဏ်ရာ တစ်ချက် ၊ဘယ်နားရွက်တွင်  ဓါးထိုး ဒဏ်ရာနှစ်ချက် ၊ ညာဘက်လက်မောင်းတွင် တုတ်ဒဏ်ရာများ ရရှိပြီး အသက် အန္တရယ် စိုးရိမ်ရသော အနေအထားတွင် ရှိကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။
လက်ရှိ ချိန်မှာ သတိ လုံးဝ ပြန်မရနိုင်ဘဲ စစ်တွေပြည်သူ့ဆေးရုံ ကျားခွဲ စိပ် ဆောင်တွင် တက်ရောက် ကုသနေကြောင်း၊  (A) အမျိုးအစား သွေးများလည်း လိုအပ်နေကြောင်း စစ်တွေ ဘုရာကြီး သွေးအလှူရှင်များ အသင်းဝင် တစ်ဦးက ပြောသည်။
အခြေအနေ အတော်အသင့် တည်ငြိမ်လာသော ကျောက်တော်မြို့နယ်တွင် ရခိုင် တစ်ဦးကို ဘင်္ဂလီ နှစ်ဦးက  တုတ်ဓါးများဖြင့် ပြန်လည် စတင် တိုက်ခိုက်လာသဖြင့် မတည်မငြိမ် ပြန်ဖြစ်မည်ကို စိုးရိမ်သော ကျောက်တော် လူထုက ပြစ်မူ ကျူးလွန်သူများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူရန် လိုလားနေကြသည်ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template