Headlines News :
Home » » ဆီးဂိမ်း ပြိုင်ပွဲအား LED ဘုတ်များထောင်၍ မြို့ကြီး လေးမြို့တွင် တိုက်ရိုက် ပြသမည်

ဆီးဂိမ်း ပြိုင်ပွဲအား LED ဘုတ်များထောင်၍ မြို့ကြီး လေးမြို့တွင် တိုက်ရိုက် ပြသမည်

Written By လွင့်မောင်မောင် on Wednesday, October 23, 2013 | 7:55 PM

ရန်ကုန်၊ အောက်တိုဘာ ၂၁
ဆီးဂိမ်းဖွင့်ပွဲနှင့် အားကစားပြိုင်ပွဲ များ ကျင်းပပုံကို မြို့ကြီးလေးမြို့တွင်LED ဘုတ်များ ထားရှိ၍ တိုက်ရိုက် ပြသသွားမည်ဟု အားကစား ဝန်ကြီးဌာန မှ သိရသည်။
”ကိုယ်တိုင် လာရောက် မကြည့် ရှုနိုင်သူတွေ၊ လက်မှတ် အဆင် မပြေတဲ့ သူတွေအတွက် စီစဉ်ပေးတာပါ”ဟု အားကစား ဝန်ကြီးဌာနမှ ဒုညွှန်ချုပ် ဦးအုံးမြင့် က ပြော သည်။
LED ဘုတ်များ ထားရှိမည့် မြို့ များမှာ ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်(ငွေ ဆောင်) မြို့များ ဖြစ်ပြီး ၄ ခုမှ ၆ ခုအထိ ထားရှိ သွားမည်ဟု ၄င်းက ဆက်လက် ပြောသည်။
”နေရာဒေသနဲ့ အချက်အချာကျ တဲ့အပေါ် မူတည်ပြီး LED ဘုတ်အရေ အတွက်ကို ထားရှိပေးသွားမှာပါ။ လူ စည်ကားတဲ့ မြို့ကတော့ အရေအတွက် ပိုများမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
အချိန် ၃ နာရီကျော် ကြာမြင့်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အား ကစားကွင်း ၌လည်း LED ဘုတ်များ တပ်ဆင်ပေး သွားမည်ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသည် လူ သုံးသောင်းနှစ်ထောင်သာ ကြည့်ရှု နိုင်မည်ဖြစ်သော်လည်း LED ဘုတ်များ ထားရှိခြင်း၊ သမ္မတ အပါအဝင် အရေး ကြီး ပုဂ္ဂိုလ်များ လာရောက် ကြည့်ရှုခြင်း၊ ထိုင်းနိုင်ငံမှ ဘုရင့် အမျိုးအနွယ်များ တက်ရောက်ခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ အားကစား အဖွဲ့များ ကြည့်ရှုခြင်း တို့ကြောင့် ဖွင့်ပွဲ လက်မှတ် ရောင်းချမှုမှာ ငါးထောင်ခန့် သာရှိမည် ဟု အားကစား ဝန်ကြီး ဌာနမှ သိရသည်။
အဆိုပါ ဆီးဂိမ်း ဖွင့်ပွဲ၏ လက်မှတ် နှုန်းထားများကို လက်ရှိတွင် သတ်မှတ် ထားခြင်း မရှိသေးသော်လည်း ဈေးနှုန်း နိမ့်မည် မဟုတ်ကြောင်း ယင်းဌာနမှ သိ ရသည်။
အောင်ဇော်(ပေါ်ပြူလာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template