Headlines News :
Home » , » ကျပ်သန်းပေါင်း ၂ သောင်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကျပ်သန်းပေါင်း ၂ သောင်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

Written By လွင့်မောင်မောင် on Tuesday, October 22, 2013 | 10:36 PM

 
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ခရိုင်ထဲမှာ ကျပ်သန်းပေါင်း ၂ သောင်းနီးပါးတန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ ထိုင်းငွေအတု ဘတ် ၁ သန်းဖိုး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

တာချီလိတ်ခရိုင် မူးယစ်ရဲအရာရှိတို့ရဲ့ ပြောကြားချက်အရ အောက်တိုဘာ ၂၂ ရက်နေ့က မယ်ဆိုင်ချောင်းအနီးမှာ အရပ်ဝတ်ရဲတွေက မသင်္ကာဖွယ် ဟွန်ဒါဆိုင်ကယ် ၁ စီး အထုတ်တွေကို ခေါက်သွားခေါက်ပြန် သယ်နေတာ တွေ့ကြောင်း၊ အဲဒီဆိုင်ကယ်ဟာ  အထုတ်တွေကို ဆန်ဆိုင်းရပ်ကွက်ကနေ  ထိုင်းဘက်ကူးမယ့် မယ်ဆိုင်ချောင်းစပ် ကူးတို့ဆိပ်ထိ သယ်လာပြီး ၄ ကြိမ်မြောက်မှာ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာကနေ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အိတ် ၁ လုံးစီမှာ  အလေးချိန် ၃၅ ကီလိုဂရမ်လေးတဲ့ ဘိန်းဖြူ အတောင့် ၁၀၀ စီပါပြီး၊ အိတ် ၄ လုံးမှာ အထောင့် ၄၀၀ နဲ့ အလေးချိန် စုစုပေါင်း ၁၃၃ ဒဿမ ၃၃ ကီလိုဂရမ် ရှိကြောင်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်းပေါင်း ၁ သောင်း ၉ သိန်း (ထိုင်းဘတ် သန်းပေါင်း ၆၆၀ ) ရှိကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုင်ကယ်မောင်းသူ (မြန်မာနိုင်ငံသား) ကို  စစ်ဆေးအရေးယူဖို့ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

အဲဒီတနေ့တည်းမှာ မြန်မာမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် မဲခေါင်မြစ်ကမ်းမှာ  နယ်မြေစစ်ဆေးရင်း   အလေးချိန်  ၈၇ ဒဿမ ၅ ကီလိုလေးတဲ့ ဘိန်းဖြူအ တောင့် ၂၅၀ ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း  မြန်မာမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ  တာချီလိတ်ကနေ မိုင်းဆတ်ကို ဦးတည်မောင်းနှင်နေတဲ့ ယာဉ်အမှတ် ၄ ( ခ ) ၄၂၈၀၀ တိုယိုတာ တိုက်ဂါး ကားပေါ်ကနေ  ထိုင်းဘတ်ငွေ ၆ သိန်း  ၄ သောင်း တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး  ၄၀ ကီလို ဂရမ်ကို ဖမ်းဆီးရမိကြောင်း၊ ယာဉ်မောင်းလာသူ တရုတ်အမျိုးသား လီကွန်ယန်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း အိမ်အမှတ် ၂၁၉ ပါလိုင်းရပ်ကွက်နေ ကိုကြာဆန်း ရဲ့ နေအိမ်မှာ ထိုင်းဘတ်ငွေ အတု ဘတ် ၁ သန်း နဲ့ အိုက်စ်ဆေး ၄ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့လည်း တာချီလိတ် ရဲအရာရှိက ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးရမိတဲ့အချိန်ဟာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ် ၄ နိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ဝင်တွေ တာချီလိတ်မြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးနေတဲ့ အချိန်လည်း ဖြစ်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြသွားပါတယ်။

by ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template