မော်ဒယ်ဘဝနဲ့ သရုပ်ဆောင်နှစ်ခု စလုံးက သူမရဲ့ ဘဝပါလို့ ပြောတဲ့
ဝင့်ယမုံလှိုင်မော်ဒယ်လောကမှာ နာမည်ရလာပြီး သရုပ်ဆောင် ဘက်မှာလည်း ပရိသတ်
အားပေးခံ ရသူကတော့ ဝင့်ယမုံလှိုင် ပဲဖြစ်ပါတယ်။ ကြော်ငြာများ ကိုလည်း
သွက်သွက်လက် လက်အမူအရာနဲ့ ပရိသတ်တွေ သတိထားမိသူတစ်ဦးလည်း ဖြစ်တာမို့
မော်ဒယ် တစ်ယောက်ရဲ့ ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်အောင် ဝင့် ယမုံလှိုင်
အနေနဲ့ ဘယ် လို ပြုမူေ နထိုင်ပါသလဲလို့ မေးကြည့်တော့
“ကိုယ်ကပရော် ဖက်ရှင်နယ်မော်ဒယ် တစ်ယောက်အနေနဲ့ ရပ်တည်မယ်
ဆိုရင်တော့မော်ဒယ် တစ်ယောက်အတွက် ခန္ဓာကိုယ်က တအားရေးကြီး ပါတယ်။ မော်ဒယ်
တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘာပဲဝတ်ဝတ် လိုက်ဖက်ပြီး အမြဲတက်ကြွလန်း
ဆန်းနေရမယ်။ ကိုယ်ပိုင် စတိုင်နဲ့ ခန္ဓာကိုယ်က မော်ဒယ် တစ်ယောက်အတွက်
အရေးကြီး ဆုံးပါ။ညီမဆိုရင်အခုကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းရတယ်။ကိုယ်က
မော်ဒယ်ဆိုတာ အမြဲခေါင်းထဲ သတိပေးရတယ်။ ဒီအလုပ် ကိုလုပ်မှေ တာ့ ခန္ဓာကိုယ်
အလှက ထိန်းရတော့တာပေါ့။ အခုဆိုရင် အသက် က ၂၃နှစ် ထဲရောက်လာပြီဆိုတော့
အစားလျှော့ပေမယ့် ဝလာတယ်။ အပင်ပန်း ခံနိုင်တယ်။ လေ့ကျင့် ခန်းတွေ
လုပ်နိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ ညီမလည်း ကိုယ်ကိုယ်တိုင်
မော်ဒယ်၊အနုပညာရှင်ပဲဆိုပြီး အမြဲသတိ ထား ထိန်းထိန်းသိမ်းသိမ်း နေရတယ်”
လို့ ပြော ခဲ့ပါတယ်။
လက်ရှိမြန်မာပြည်က မော်ဒယ်တွေရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို
မေးကြည့်တော့ “ဖက်ရှင်က မော်ဒယ်တစ်ယောက် အတွက် အရေးကြီးတာထက် အရေးပါတယ်
ဆိုရင် ပိုပြီး ပြည့်စုံလိမ့် မယ်။ ပြောင်းလဲလာတဲ့ခေတ်မှာ ခေတ်မီအောင်
ဝတ်တတ်စား တတ်ဖို့ကလည်း အရေးကြီးတယ်” လို့ ပြောပါတယ်။ သရုပ်ဆောင် ဘက်လည်း
လုပ်ကိုင်နေတယ်ဆိုတော့ နာမည်ကြီး သရုပ် ဆောင်တစ်ယောက်
ဖြစ်သွားရင်မော်ဒယ်ဆိုတဲ့ နာမည်လေးကို မေ့ လျော့ သွားမှာလား မေးကြည့်တော့
“ဒီ အလုပ် စလုပ်ကတည်းက မော်ဒယ်အပိုင်းရော၊ သရုပ်ဆောင် အိုက် တင်ပိုင်းရော
ဝါသနာပါလို့ လုပ်ခဲ့တဲ့အတွက် တအားပဲ ကျေနပ်မိတယ်။ ဒါညီမဘဝရဲ့ အထူးခြားဆုံး
အရာ ဖြစ် တယ်။ မော်ဒယ်နဲ့ သရုပ်ဆောင်နှစ်ခုစလုံးက ညီမရဲ့ ဘဝ မို့
ဘာပဲဖြစ်ဖြစ် ညီမမမေ့ဘူး။ ညီမဆက် ကြိုးစား မယ်။
အမြဲဝေဖန်အကြံပြုပေးစေချင်တယ်။ ပရိသတ် တွေ ဝေဖန်အကြံပြုတဲ့ အတိုင်း
ပြင်ဆင်ပြီး ကြိုးစား သွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
By Popular News