Headlines News :
Home » » ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီတို့ တွေ့ဆုံ ဆွေးနွေး

ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီတို့ တွေ့ဆုံ ဆွေးနွေး

Written By လွင့်မောင်မောင် on Thursday, October 24, 2013 | 3:10 PM

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ Technical Team မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၂ ရက်က ပြည်သူ့အကျိုးပြု ကိစ္စများတွင် ဥပဒေဘောင်အတွင်းက ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုထားပြီးဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ တာဝန်ရှိသူ အချို့နှင့် တွေ့ဆုံဆွေးနွေးမှုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ Technical Team မှ ခေါင်းဆောင် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ဒုတိယခေါင်းဆောင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ အဖွဲ့ဝင် ရဲမှူးကြီး နေမျိုးနှင့် ALP ကျောက်တော် ဆက်ဆံရေးရုံးမှ တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ခိုင်ဘုန်းမြင့်ဇော်၊ ဗိုလ်ကြီး ခိုင်စိုးပိုင်တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ငြိမ်းချမ်းရေး ရယူပြီးသော အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် အဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားရှိရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး ထိန်လင်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်များအဖြစ် တိုင်းရင်းသားရေးရာ ၀န်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ ပါဝင်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီတို့သည် ၂၀၁၁ ခုနှစ် ဧပြီ ၆ ရက်က ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို စစ်တွေဟိုတယ်တွင် ချုပ်ဆိုခဲ့ကြပြီး ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ALP ၏ ဆက်ဆံရေးရုံးကို ကျောက်တော်မြို့တွင် ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ALP ဆက်ဆံရေးရုံး ကျောက်တော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ဗိုလ်ကြီး ခိုင်စိုးပိုင်က "အခုလို ဆွေးနွေးတာက ကောင်းပါတယ်။ အဓိကတော့ နှစ်ဖက်စလုံးကနေပြီး ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ အပြုအမူတွေ ရှောင်ဖို့ရယ်၊ အကျိုးရှိတဲ့ အလုပ်မှာ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်။ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တာဖြစ်တယ်"ဟု ပြောကြားသည်။
ပြည်သူလူထု အကျိုးအတွက် ငြိမ်းချမ်းစွာ ပူးတွဲဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်ရန် အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေး ယူထားသည့် ALP အနေဖြင့် လိုအပ်ချက်များ ရှိပါက Technical Team နှင့် ဆက်သွယ်ရန် လမ်းဖွင့်ထားပါကြောင်း၊ နိုင်ငံတော်၏ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း ပြည်သူတစ်ဦးအနေဖြင့် လိုက်နာရန် တာဝန်ရှိကြောင်း၊ ALP က ပြည်သူအကျိုးပြု ကိစ္စများတွင် ဥပဒေဘောင်အတွင်းက ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းထားချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ALP အနေဖြင့် ပြည်နယ်အဆင့် သဘောတူညီချက် ရရှိခဲ့သည့်နေ့မှစ၍ တပ်မတော်နှင့် အပစ်အခတ် ဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအပိုင်းတွင် လစ်ဟာမှုများကို မြင်တွေ့ နေရကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေး သဘောတူထားသဖြင့် ၀င်ရောက် စွက်ဖက်ခြင်းကို မပြုခြင်းဖြစ်ကြောင်းနှင့် လက်ရှိအနေအထားတွင် ALP ရုံး (ကျောက်တော်)မှ လှုပ်ရှားမှုမှန်သမျှကို အနီးကပ် ပိုမိုစောင့်ကြည့်မှုများလည်း ရှိလာသည်ဟု ခံစားနေရကြောင်း၊ ယင်းအပြင် ငြိမ်းချမ်းရေးယူထားသည့်တိုင် လက်နက်မဲ့ ခရီးသွားလာရာတွင် လ၀ကများ အနေဖြင့် လူရှေ့သူရှေ့တွင် ဂုဏ်သိက္ခာ ကျစေသော အပြုအမူများကို ပြုလုပ်ခြင်းများနှင့် ရင်ဆိုင်နေရကြောင်းလည်း ဗိုလ်ကြီး ခိုင်စိုးပိုင်က ပြောကြားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template