Headlines News :
Home » » လူမှု ကူုညီရေး လုပ်နေသူ တစ်ဦး သံတွဲတွင် ထပ်ဖမ်းခံရ

လူမှု ကူုညီရေး လုပ်နေသူ တစ်ဦး သံတွဲတွင် ထပ်ဖမ်းခံရ

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 1:22 PM

 thaandwe
ရခိုင်ပြည်နယ် သံတွဲမြို့တွင် နောက်ထပ် ရခိုင်အမျိုးသား တစ်ဦး အဖမ်းခံရကြောင်း သတင်း ရရှိသည်။

အဖမ်းခံရသူမှာ သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ ၆ လမ်းမှ ကိုခင်ထွန်း (၄၁) နှစ်  ဖြစ်ကြောင်း သိရသည်။

သူ့အား သံတွဲရဲစခန်းမှ အောက်တိုဘာလ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု မိသားစု အဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောသည်။

ကိုခင်ထွန်းကို အောက်တိုဘာလ ၁၈ ရက်နေ့က ရဲစခန်းမှ ဖမ်းဝရမ်းထုတ်ပြီး ရဲသား ၇ ဦးက သူ့အား ဖမ်းဆီးရန် နေအိမ်ကို လိုက်လံ ရှာဖွေခဲ့သည်ဟု ဆိုသည်။

အိမ်တွင် ရှိမနေသော ကိုခင်ထွန်းမှ အောက်တိုဘာလ ၂၀ ရက်နေ့က ရဲစခန်းသို့ သွားရောက်ပြီး ၎င်းအား ရှာဖွေသော အကြောင်းအရင်းကို မေးမြန်းစဉ်  ရဲက သူ့အား ဖမ်းဆီးလိုက်သည်ဟု ၎င်း အမျိုးသမီးက ပြောသည်။

“ သူတို့အိမ်ကို သောကြာနေ့ ညနေ အချိန်မှာ ရဲသား ၇ ယောက် ၀င်ပြီးတော့ ရှာတယ်။ သူ့ကို မတွေ့ဘူး၊ သူ့ရဲ့ မိန်းမက အိမ်ကို ရဲသားတွေ လာရှာတယ်။ အိမ်ကိုပြန်လာခဲ့ပါဆိုပြီးတော့ ကိုခင်ထွန်းကို အကြောင်းကြားတယ်။ ကိုခင်ထွန်းက အဲဒီနေ့ ပြန်ရောက် လာပြီးတော့ ရဲစခန်းကို သွားရောက် မေးမြန်းတယ်။  ရဲက သူ့ကို ဖမ်းဆီးလိုက်ပါတယ်” ဟု ဆိုသည်။

ကိုခင်ထွန်း ရဲစခန်းတွင် ဖမ်းဆီးခံရပုံကိုလည်း သူမက ယခုလို ပြောသည်။

“ သူကပြောတာက သူ့ကို ၀ရမ်းလဲထုတ်တယ်။ အိမ်မှာလဲ လာရှာတယ်။ ဘာကြောင့် ဖမ်းရမလဲလို့ သွားမေးပါတယ်။ အဲသလို သွားမေးတဲ့ခါ ရဲစခန်းက ပြန်မလွတ်ဘဲနဲ့ တနေကုန် စစ်ဆေးတယ်။ ညနေပိုင်း ကျတော့ သူနဲ့ အတူ ပါသွားတဲ့ သူ့ယောက်ဖ တော်စပ်သူကို ထမင်းဂျိုင့်နဲ့ အိပ်ရာတွေကို ယူခိုင်းလိုက်တယ်။ သူက ထမင်းနဲ့ အိပ်ရာတွေကို ယူပြီးတော့ ရဲစခန်းကို ပြန်သွားပါတယ်။”

ကိုခင်ထွန်းအား အမြင်ကပ် ပုဒ်မဖြင့် ဖမ်းဆီးခြင်းသာဖြစ်နိုင်သည်ဟု သူမက ပြောသည်။

“ ကိုခင်ထွန်းဟာ မီးရှို့တဲ့နေရာမှာလဲ သူမပါ။ ရွှေလှေမှာ သူမပါ။ သံတွဲမြို့ ကျော်စံလှအိမ် မီးလောင်တဲ့ အခါလည်း သူမပါဘူး။ သူက ဘာလုပ်သလဲဆိုရင် မုဒိမ်းကျင့်ခံရတဲ့ မိသားစုတွေ တောင်ကုတ်က တက်လာတဲ့ အခါ သူတို့ကို ငွေကောက်ခံပြီး ထမင်းကျွေးတယ်။ အဲဒီ အထဲမှာ သူပါတယ်။ တောင်ကုတ်က ၁၈ နဲ့ ထောင်သုံးလ ကျတဲ့သူတွေကို သွားကြိုတဲ့အခါ သူပါတယ်။ ရုံးလာတက်တဲ့သူတွေကို ထမင်းတွေ ကျွေးတယ်။ ဒီလို ပရဟိတလုပ်ဆောင်ပေးတဲ့သူကို ဘာကြောင့် ဖမ်းဆီး တယ်ဆိုတာ ကျွန်မ မပြောတတ်တော့ဘူး။ ဒီလိုလုပ်တာကို အမြင်ကပ်ပြီး ဖမ်းဆီးတယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။

အခုအခါ ကိုခင်ထွန်းကို သံတွဲထောင်တွင် ဆက်လက် စစ်ဆေးမူများ ပြုလုပ်နေသည်ဟု သိရသည်။

သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးခံသူ ၇၈ ဦး ရှိပြီး လင်းသီ ကျေးရွာတွင် နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖြောင့်ချက် ပေးသူ ၄ ဦး၊ သဗြုချိုင်ကျေးရွာတွင် လူ ၅ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဖြောင့်ချက်ပေးသူ နှစ်ဦးနှင့် မီးရှို့မှု ကြောင့် စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစု ပေါင်း ၃၄ ဦးတို့အား တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေသည်ဟု သိရသည်။
(နိရဉ္စရာ- ၂၁ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template