Headlines News :
Home » , » ဖွဲ့စည်းပုံပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောဆို"

ဖွဲ့စည်းပုံပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောဆို"

Written By လွင့်မောင်မောင် on Sunday, October 20, 2013 | 9:40 PM







ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျမှာ မဟုတ်ဘူးလို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စနေနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

တတိယအကြိမ်မြောက် ဥရောပ ငါးနိုင်ငံခရီးရဲ့ ပထမခရီးတထောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဂျီယံနိုင်ငံကို ရောက်ရှိနေပြီး ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နဲ့ မနေ့က တွေ့ဆုံချိန်မှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဥရောပကော်မရှင် ဥက္ကဌ Barroso ကလည်း ၂၀၁၅ ရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံပြီး ပွင့်ပွင့်လင်းလင်းနဲ့ ထင်သာမြင်သာရှိရမယ့် အပြင် အားလုံးပါဝင်ရမယ်လို့ ပြောကြားပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဂျီယံ ဘုရင်နဲ့ ကြင်ယာတော်တို့ကို နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ လူဗဲန်းကက်သလစ် တက္ကသိုလ်က ၁၉၉၈ ခုနှစ်တုန်းက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူပြီး Charity and Compassion in Europe ဥရောပက ဒါနနဲ့ ကရုဏာတရား ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားပါတယ်။

မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ၂၈ ဦးနဲ့ လူဇင်ဘတ်မှာတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းဆုကြည်ဟာ လူဇင်ဘတ်နိုင်ငံကို မထွက်ခွာခင် ဥရောပခေါင်းဆောင်တွေနဲ့ ဒီ သီတင်းပတ်ကုန်ပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်က ချီးမြှင့်ခံရတဲ့ အီးယူ- ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံး Sakharov လူ့အခွင့်အရေးဆုကို ဆုကို Strasbourg မြို့မှာ ကျင်းပတဲ့ ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့ကျရင် လက်ခံရယူပါမယ်။

RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template