Headlines News :
Home » » သူရိယအလင်းဂျာနယ်တိုက်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ နှစ်ဖက်ပြောကြားချက်ကွဲလွဲ

သူရိယအလင်းဂျာနယ်တိုက်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ နှစ်ဖက်ပြောကြားချက်ကွဲလွဲ

Written By လွင့်မောင်မောင် on Sunday, October 20, 2013 | 3:37 PM

သူရိယအလင်း ဂျာနယ်တိုက်ကို ညအချိန်တွင်ဝင်ရောက် ခဲ့ပြီး ဖိုးလပြည့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့က ကွန်ပျူ တာများ ယူဆောင်သွားကြကြောင်း ဂျာနယ် စီအီးအို ဦးမိုးဟိန်းပြောကြားခဲ့သော်လည်း တစ်ဖက်တွင် ကာယကံရှင်များက အဆိုပါပြောကြားချက်အပေါ် မဟုတ်မှန်ကြောင်း ဖလားဝါးနယူးစ်သို့ ပြောသည်။ သူရိယအလင်းဂျာနယ် စီအီးအို ဦးမိုးဟိန်းက ''အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီနဲ့ ၁နာရီကြားမှာ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သား ဦးသူ ရိန်နဲ့ အပေါင်းအပါ ၁၅ ဦးလောက်က ကျွန် တော်တို့ရုံးကို လာရောက်ပြီး တံခါးဖွင့်ခိုင်း ကာ ရုံးထဲမှ ကွန်ပျူတာ ၁၄လုံးနဲ့ စီစီတီဗွီတွေ ကို ထိန်းချုပ်တဲ့ မိန်းဆာဗာကိုပါ ဖြုတ်ယူ သွားတာပါ''ဟု ပြောသည်။
သို့ရာတွင် ယင်းဖြစ်ရပ်တွင် ဖိုးလ ပြည့်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၏ သား ဦးသူရိန်တို့ ပါဝင်ပတ်သက်ခြင်းမရှိ ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ဂျာနယ်တိုက် ပိုင်ရှင်နှင့် ထုတ်ဝေသူဖြစ်သူ ဦးယုနိုင်ကိုယ် တိုင် ဝင်ရောက်ယူဆောင်ခြင်းသာဖြစ်ကြောင်း ကာယကံရှင်များက ဖလားဝါးနယူးစ်ဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက်အား ပြန်လည် ဖြေကြားသည်။

အောက်တိုဘာ ၁၉ရက် ည၁၂ နာရီဝန်းကျင်တွင် သူရိယအလင်းဂျာနယ် တိုက်သို့ ဖိုးလပြည့်နှင့် ကိုသူရိန်တို့မှ လူအင် အား၁၅ယောက်ခန့်ဖြင့် လာရောက်၍ ရုံး အတွင်းရှိ ကွန်ပျူတာများကို ဖြုတ်ယူဆောင် သွားသည်ဆိုပြီး သူရိယအလင်းဂျာနယ်၏ စီအီးအိုဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

ဦးနေရွှေသွေးအောင်(ခ)ဖိုးလ ပြည့်က ''ညကဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ကျွန်တော့် အနေနဲ့ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပါ ဘူး။ ကျွန်တော် သူတို့နဲ့လိုက်လဲမသွားဘူး။ ကျွန်တော်တို့ ညက သူရိယအလင်းထုတ်ဝေ သူ ဦးယုနိုင်မွေးနေ့မှာ ကိုသူရိန်နဲ့တွေ့လို့ မင်းတို့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ တအားများ နေတယ်။ မကောင်းဘူးနော်လို့ ပြောခဲ့ပါ တယ်။ ပြီးတော့ မွေးနေ့အထိမ်းအမှတ် စား သောက်ပြီးပြန်ခဲ့ပါတယ်''ဟု ပြောသည်။
စီးပွားကူးသန်းဝန်ကြီးဦးဝင်းမြင့် ၏သားဖြစ်သူ ကိုသူရိန်က ''ကျွန်တော်က ဂျာနယ်တိုက်ထဲကိုဝင်ပြီး ကွန်ပျူတာတွေကို ဝင်ရောက်ဖြုတ်ယူတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ကျွန်တော်တို့ မနေ့ညက သူရိယအ လင်းထုတ်ဝေသူဦးယုနိုင်ရဲ့ မွေးနေ့ညစာ အတူစားပြီးတော့ ဦးယုနိုင်ရယ် ကျွန်တော့် သူငယ်ချင်းတွေရယ် သူရိယအလင်းဂျာနယ် ရဲ့ ထွက်သမျှဂျာနယ်တွေဝယ်မယ်ဆိုပြီး ရုံး ကို ရောက်သွားပါတယ်။ ရုံးရောက်သွားတော့ ဦးယုနိုင်က တံခါးဖွင့်ပေးဖို့ပြောပေမယ့် မဖွင့် ပေးလို့ ကျွန်တော်တို့ တော်တော်ကြာကြာ ထိုင်စောင့်နေခဲ့ရပါတယ်။ တံခါးဖွင့်လာ တော့မှ သူရိယအလင်းဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ကွန်ပျူတာတွေကိုဖြုတ် ပြီး ကားပေါ်တင်သွားတာပါ''ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင်ပင် မိမိတို့အနေဖြင့် ယခုကဲ့သို့ဖြစ်ရပ်များ ဖြစ်မည်ကို ကြိုတင်မျှော်မှန်းထားပြီးဖြစ် သဖြင့် သူရိယအလင်းဂျာနယ်ကို မထုတ်ဝေ ဖြစ်တော့ပါက နောက်ထပ်ထုတ်ဝေရန် ဂျာ နယ်တစ်စောင်နာမည်ကို သူရိယနေဝန်းနာ မည်နဲ့ ထုတ်ဝေခွင့်တင်ထားခဲ့တာ အခုဆို ရင် ထုတ်ဝေခွင့်ကျနေပါပြီ''ဟု ဦးမိုးဟိန်းက ပြောသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းစာဆရာတစ်ဦးက''အခုပြဿနာက ထုတ်ဝေသူနဲ့ အယ်ဒီတာကြားကဖြစ်တဲ့ ပြဿနာပါ။ ထုတ်ဝေသူအနေနဲ့ မိမိလုပ်ငန်း ကို ရပ်ဆိုင်းနိုင်သလို လုပ်ငန်းပစ္စည်းတွေ ကို ယူခွင့်ရှိပါတယ်။ လုပ်ထုံးလုပ်နည်းမှားနေ တယ်။ သန်းခေါင်ကျော်မှာ ဝင်ယူတယ်ဆို တာ မှားတယ်လို့ယူဆပါတယ်။ အဖွဲ့အစည်း ကို အစည်းအဝေးခေါ်တင်ပြဖြေရှင်းပြီး လုပ် ငန်းဖျက်သိမ်းမယ်ဆိုလဲ ဖျက်သိမ်းတာမျိုး လုပ်သင့်ပါတယ်''ဟု သုံးသပ်ပြောသည်။

သတင်းနှင့်ဓာတ်ပုံ - ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template