Headlines News :
Home » » ကျောက်ဖြူထောင်မှ ပြန်လည်ပြောင်းရွှေ့လာသူ ၁၄ ဦးကို သံတွဲလူထုက လှိုက်လဲစွာကြိုဆို

ကျောက်ဖြူထောင်မှ ပြန်လည်ပြောင်းရွှေ့လာသူ ၁၄ ဦးကို သံတွဲလူထုက လှိုက်လဲစွာကြိုဆို

Written By လွင့်မောင်မောင် on Sunday, October 20, 2013 | 6:49 PM

 Thandway-Oct-17,-2013
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဖမ်းဆီး ခံရပြီး ကျောက်ဖြူထောင်သို့ ပို့ဆောင် ခံရသူ ၁၄ ဦးကို သံတွဲထောင်သို့ ပြန်လည်ယူဆောင်လာရာ သံတွဲလူထုက လှိုက်လဲစွာ ကြိုဆိုခဲ့ကြသည်။
သူတို့ ၁၄ ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့က သံတွဲလူထုက ကြိုဆိုခဲ့ကြပုံကို  သံတွဲမြို့ အမျိုးဘာသာ သာသနာစောင့် ထိမ်းရေး ရဟန်းတော်များအဖွဲ့ ဒုဥက္ကဌ သိမ်ကုန်းကျောင်း ဆရာတော်က နိရဉ္စရာသို့ ပြောသည်။
“ မြို့ပေါ်သံဃာတော်များနဲ့ လူထုတွေက  သူတို့နောက်မှာ တသားတည်းရှိနေတယ်ဆိုတဲ့ သဘောမျိုးနဲ့ လှိုက်လှိုက် လဲလဲ ကြိုဆိုကြတာ ဖြစ်ပါတယ်။ လူတွ တော်တော်များများ ရောက်တဲ့ အတွက်ကြောင့် ပြဿနာဖြစ်မှာ ကြောက်လို့ သံဃာတော်တွေကို မြို့ထဲကို ဆင်းပြီး အခြေအနေကို ထိန်းသိမ်းကြရပါတယ်” ဟု ၎င်းဆရာတော်က မိန့်ကြားသည်။
သူတို့ ၁၄ ဦးကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျောက်ဖြူအကျဉ်းထောင်မှ သံတွဲမြို့သို့ယူဆောင်လာပြီး ညနေ ၃ နာရီတွင် သံတွဲမြို့ တရားရုံး၌ ရုံးထုတ်ကာ ၎င်းတို့အား ပုဒ်မ ၄၃၆ နှင့် ၄၂၇ ဖြင့် တရားစွဲဆိုကြောင်း တရားသူကြီးမှ ဖတ်ကြားပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သံတွဲကမ်းခြေ လူမှုကွန်ယက်အဖွဲ့ဝင်တဦးက နိရဉ္စရာသို့ ပြောသည်။
“ သူတို့ကို ကျောက်ဖြူထောင်ကို ပို့ထားရာကနေ အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီမှာ သံတွဲထောင်ကို ပြန်ယူလာတယ်။ အဲဒီနေ့ ညနေ ၃ နာရီမှာ သံတွဲမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီးတော့ တရားသူကြီးက သူတို့ကို ပုဒ်မ ၄၃၆၊ ၄၂၇ နဲ့တရားစွဲထားတဲ့အကြောင်း၊ သူတို့ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံးချိန်းပြန်ပေးလိုက်ပါတယ်” ဟု ပြောသည်။
စက်တင်္ဘာလ ၂၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံရသူ ၇၈ ဦးရှိပြီး ၎င်းအထဲမှ ရခိုင်အမျိုးသား ၁၇ ဦးကို အောက်တိုဘာလ ၁၀ ရက်နေ့က ကျောက်ဖြူထောင်သို့ ပို့ဆောင်ခဲ့သည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် အဆိုပါ ၁၇ ဦးထဲမှ တဦးကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက် ပြီး ကျန် ၂ ဦးကို အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ပြီး ကျန် ၁၄ ဦးကို သံတွဲထောင်သို့ တရားစွဲဆိုရန် ပြန်လည် ယူဆောင်လာ ခြင်း ဖြစ်သည်။
တရားစွဲဆိုခံရသူများ အထဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပု (ခေါ်) ဦးစောလိုင်လည်း ပါဝင်သည်။
ယခု ပြန်လည်ပြောင်းရွေ့လာသူများကို ကျောက်ဖြူထောင်အတွင်းတွင် နေပြည်တော် ရဲတပ်ဖွဲ့တစ်ဖွဲ့မှ သံတွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လာရောက်စစ်ဆေးရာတွင် လူမဆံစွာ ညှဉ်းပမ်းနှိပ်စက်မှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
လင်းသီကျေးရွာတွင် နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ၄ ဦး၊ သဗြုချိုင်ကျေးရွာတွင် လူ ၅ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဖြောင့်ချက်ပေးသူ နှစ်ဦးနှင့် မီးရှို့မူကြောင့် စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစု ပေါင်း ၃၄ ဦးတို့အား ရုံးတင် တရားစွဲဆိုထားကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template