Headlines News :
Home » » မန်ယူအသင်း ဆုဖလားများ မြန်မာနိုင်ငံတွင်လာရောက်ပြသမည်

မန်ယူအသင်း ဆုဖလားများ မြန်မာနိုင်ငံတွင်လာရောက်ပြသမည်

Written By လွင့်မောင်မောင် on Sunday, October 20, 2013 | 11:19 PM

 
အင်္ဂလိပ် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်း ရရှိခဲ့သော ဆုဖလားများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ လှည့်လည် ပြသမည့် အစီအစဉ်အရ မြန်မာနိုင်ငံသို့လည်း ၂၀၁၄ ခုနှစ် မတ်လတွင် လာရောက် ပြသမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းက ထုတ်ပြန်လိုက်သည်။

ယင်းဖလားများနှင့်အတူ မန်ချက်စတာ ယူနိုက်တက်အသင်း၏ နာမည်ကျော် ကစားသမားဟောင်းများ ဖြစ်သော ဒင်းနစ်အာဝင်၊ အင်ဒီကိုးလ်၊ ဘရိုင်ယန်ရော့စင်၊ ဒွိုက်ယောက် (ခ်) တို့လည်း ယင်းခရီးစဉ်တွင် ပါဝင်လာမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန်ယူနည်းပြ ဖာဂူဆန်နောက်ဆုံး ရယူပေးခဲ့သော အကြိမ် (၂၀) မြောက် ပရီးမီးယားလိဂ် ဆုဖလား အပါအဝင် ဆုဖလားပေါင်း များစွာဖြင့် မိုင်ပေါင်း ၆၇,၀၀၀ ခန့် ဝေးကွာသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ မြို့ကြီး ၃၀ သို့ လှည့်လည် ပြသမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ် အသေးစိတ်ကိုမူ ရက်ပိုင်းအတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ယင်းခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် DHL က ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းက ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ် မေးမြန်းရာ မန်ချက်စတာ ယူနိုက်တက် အနေနှင့် တစ်စုံတစ်ရာ ဆက်သွယ် ပြောကြားလာခြင်း မရှိသေးကြောင်း၊ ယင်းခရီးစဉ်အရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါက မြန်မာ ပရိသတ်များအတွက် များစွာစိတ်ဝင်စားဖွယ် ကောင်းမည် ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ကစားသမားဟောင်းများ ဖြစ်သည့် ဒင်းနစ်အာဝင်၊ အင်ဒီကိုလ်း၊ ကလေတန် ဘလက်မိုးနှင့် လီရှပ်တို့ လေးဦးသည် ဇွန်လ ၉ ရက်နေ့တွင် သုဝဏ္ဏဘောလုံးကွင်း၌ မြန်မာ့လက်ရွေးစင်အသင်း ကစားသမားများနှင့် အတူ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရန် Park Royal ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ၎င်းတို့နှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် FA ဖလားတို့ကို မြန်မာနိုင်ငံသို့ ယူဆောင်ခဲ့ဖူးသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းကို ကြိုက်နှစ်သူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ မန်ချက်စတာ ယူနိုက်တက်ဖန်ကလပ် ဝက်ဘ်ဆိုက်တွင် အဖွဲ့ဝင်ပေါင်း ၁,၁၃၅,၀၁၆ ဦး ရှိကြောင်း မြန်မာမန်ချက်စတာ ယူနိုက်တက်ဖန်ကလပ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template