Headlines News :
Home » » ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံ ကချင်ပြည်သူ အများအပြား ကြိုဆို

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံ ကချင်ပြည်သူ အများအပြား ကြိုဆို

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 9:08 AM

 8.1.1
အောက်တိုဘာ ၇ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိလာသော ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံများက ကြိုဆိုနေစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံ ကချင်ပြည်သူ အများအပြား ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့သည် လိုင်ဇာမြို့ ဖြတ်လမ်းမှတစ်ဆင့် နန်ဆန်ယန်သို့ ရောက်လာကာ ကုလအထူး ကိုယ်စားလှယ် ဘီဂျေနမ်ဘီးယား အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အချို့က ယင်းနေရာမှ ကြိုဆိုကာ ၀ိုင်းမော်၊ မြစ်ကြီးနားသို့ ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
ကြိုဆိုသူ အများစုမှာ ဒေသခံနှင့် စစ်ရှောင်စခန်း များမှဖြစ်ပြီး ကချင်မျိုးနွယ်စု ခြောက်မျိုးအနက် ဂျိန်းဖောမျိုးနွယ်စုမှာ အများဆုံး ဖြစ်သည်။ ကြိုဆိုသူများသည် ကေအိုင်အေ တံဆိပ်ဖြစ်သည့် ဓားနှစ်လက် အင်္ကျီများ ၀တ်ဆင်ပြီး ကေအိုင်အေ အလံများ ကိုင်ဆောင်ကာ လွတ်မြောက်ရေး သီချင်းများ သီဆိုခြင်း၊ ရိုးရာသီချင်းများ သီဆိုခြင်း၊ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အား ကြိုဆိုပါသည် စသည်တို့ သံပြိုင်သီဆိုပြီး ၀ိုင်းမော်မြို့နှင့် မြစ်ကြီးနား မြို့တို့တွင် လူနှစ်ထောင်ကျော် ၀န်းကျင်က ကြိုဆိုခဲ့ခြင်း ဖြစ်သည်။
ကြိုဆိုရာတွင် ပါဝင်သည့် မသန်စွမ်းသူများ အဖွဲ့မှ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးဂျီဇုံဆောင်က ''ကျွန်တော်တို့ လာကြိုတာတော့ နိုင်ငံရေး၊ လူမျိုးရေး လုံးဝမပါဘူး။ စစ်ပွဲတွေဖြစ်မယ်၊ ထပ်လည်း ဖြစ်ဦးမယ်ဆိုရင် ကျွန်တော်တို့လို လောကကို အပြည့်အ၀ အကျိုးမပြုနိုင်တဲ့လူတွေ၊ ဘ၀ရှုံးသွားတဲ့လူတွေ များလာမှာပါ။ ငြိမ်းချမ်းရေး အမြန်ရစေချင်တဲ့ ဆန္ဒနဲ့ ကေအိုင်အို အဖွဲ့ကို လာကြိုတာပါ'' ဟု ဆိုသည်။
8.1.1
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား ကြိုဆိုနေကြ သူများနှင့် တွေ့ရစဉ်
ပြီးခဲ့သည့် မေလအတွင်းက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့စဉ်က ဒေသခံ ကချင်ပြည်သူ သောင်းဂဏန်းခန့် ကြိုဆိုခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့်သာ သက်ဆိုင်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အောက်တိုဘာ ၇ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကတော့ လက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ဆိုင်ပါတယ်။ ဒီဆွေးနွေးပွဲဟာ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ အပစ်အခတ် ရပ်စဲရေးဟာ ဒီတစ်ကြိမ် မဖြစ်နိုင်ပေမယ့် ကောင်းတဲ့ အလားအလာတွေ အများကြီး ရလာမှာပါ။ ဒီနေ့ဆွေးနွေးပွဲဟာ ကေအိုင်အိုအတွက် အများကြီး အရေးကြီးပါတယ်။ နောက်ဆုံး အကြိမ်တော့ မဟုတ်ပါဘူး'' ဟု ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template