အာ့တ၀ါ ၊ ၂၆-၁-၂၀၁၅
ကနေဒါနိုင်ငံ၌ မျက်စိ ကွယ်နေသော မိခင်တစ်ဦးသည် ၄င်း၏ မွေးကင်းစ ကလေးကို
e-Sight ဟု အမည် ပေးထားသည့် အမြင်အာရုံ မြှင့်တင် ပေးသည့် မျက်မှန်ကို
တပ်ဆင်၍ ပထမဆုံး အကြိမ် အဖြစ် ကြည့်ရှု နိုင်ခဲ့ကြောင်း အင်တာနက်
သတင်းတစ်ရပ် ၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။
မိမိအနေဖြင့် မျက်စိ ကွယ်နေသော်လည်း မိမိ၏ မွေးကင်းစ သားငယ် ကလေးကို
ယခုကဲ့သို့ အမြင်အာရုံ မြှင့်တင်ပေးသည့် မျက်မှန် ၏ အကူအညီဖြင့် ကြည့်ရှု
နိုင်ခြင်းသည် အလွန် အံ့သြဖွယ် ကောင်းပြီး ဝမ်းသာ ကြည်နူးဖွယ် ဖြစ်ကြောင်း
အသက် ၂၉ နှစ်ရှိ မိခင်ဖြစ်သူ ဘိတ်ဇ် က ပြောကြား ခဲ့သည်။
ဘိတ်ဇ် သည် အမြင်အာရုံ ဆုတ်ယုတ်မှု ရောဂါတစ်ခု ဖြစ်သည့် Stargardt ရောဂါကို
ခံစားနေရသူ ဖြစ်ပြီး သူမအနေဖြင့် ရင်သွေးငယ်ကို မွေးမွေးပြီးချင်း မြင်တွေ့
လိုသည့်ဆန္ဒ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် e-Sight မျက်မှန်၏ အကူအညီဖြင့်
ရင်သွေးငယ်ကို ကြည့်ရှုခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ညီမ ဖီးလစ် က
ပြောကြားခဲ့သည်။
အဆိုပါ မျက်မှန်သည် မျက်စိ မမြင်သူများ ၄င်းတို့၏ အနီး တစ်ဝိုက်ရှိ အရာဝတ္ထု
များကို မြင်တွေ့ နိုင်စေရန် အထောက်အကူ ပြုပေး နိုင်သော်လည်း ၄င်း
မျက်မှန်မှာ ဈေးနှုန်းမြင့် ခြင်းကြောင့် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု
နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
PyiChitThar