Headlines News :
Home » » သပိတ်မှောက်ကျောင်းသားများ မြင်းခြံမြို့အ၀င် တားမြစ်ခံရ

သပိတ်မှောက်ကျောင်းသားများ မြင်းခြံမြို့အ၀င် တားမြစ်ခံရ

Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 10:30 PM

 
မန္တလေးမြို့ကနေ ရန်ကုန်ကို ချီတက် လမ်းလျှောက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ မြင်းခြံမြို့အ၀င် ညောင်ပင်ရွာမှာ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားမြစ်တာ ခံရတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

မြင်းခြံမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ ညောင်ပင်ရွာမှာ ရဲတပ်က ရောက်လာပြီး  ပုဒ်မ ၁၈ နဲ့ အညီစာတင်ဖို့ ပြောကြားခဲ့ပေမယ့် ပြဿနာ  တစုံတရာမရှိဘူးလို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကျောင်းသား မင်းသွေးသစ်ကပြောပါတယ်။

ဒီမိုကရေစီ ပညာရေးကို တောင်းဆိုနေတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေ ချီတက်နေတာ တပတ်နီးပါးရှိလာပြီး လူ့ဘောင်သစ်လူငယ်တချို့နဲ့ ရဟန်းပျိုများသမဂ္ဂက သံဃာတချို့ ပူးပေါင်းပြီး ချီတက်နေပါတယ်။

အထက်ဗမာပြည်က သပိတ်မှောက်ကျောင်းသားတွေဟာ  အောက်မြန်မာပြည်က ချီတက်လာတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ ပေါင်းဆုပြီး သပိတ်စခန်းဖွင့်မယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template