Headlines News :
Home » » ကံပေါက်စီမံကိန်း အလုပ်သမားကိစ္စ တိုင်းခုံသမာဓိအဖွဲ့ထံ တင်ပြမည်

ကံပေါက်စီမံကိန်း အလုပ်သမားကိစ္စ တိုင်းခုံသမာဓိအဖွဲ့ထံ တင်ပြမည်

Written By လွင့်မောင်မောင် on Monday, January 26, 2015 | 12:30 AM


Dawei Watch၊ ထားဝယ်၊ ဇန်နဝါရီ ၂၅
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က မြို့နယ်အငြင်းပွားမှု
ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ထံသို့ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည့်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ  TOTAL
ကုမ္ပဏီ၏ ကန်ထရိုက်တာ ကုမ္ပဏီနှစ်ခုမှ အလုပ်သမား တစ်ရာကျော် ကိစ္စကို
တနင်္သာရီတိုင်းခုံသမာဓိအဖွဲ့ထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမား
အရေး ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။
မြို့နယ် အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က အလုပ်သမားနှင့်
ကန်ထရိုက်တာ ကုမ္ပဏီများအကြား ဇန်နဝါရီလ ၂၂ ရက်နေ့က ညှိနှိုင်းခဲ့ရာ
တောင်းဆိုထားသည့် အချက် ၆ ချက်တွင် ၃ ချက်သာ သဘောတူညီမှုရခဲ့သဖြင့်
နောက်ထပ်အချက် သုံးချက်ကို ထပ်မံညှိနှိုင်းနိုင်ရန်အတွက်
တိုင်းခုံသမာဓိအဖွဲ့ထံ တောင်းခံခြင်းဖြစ်ကြောင်း အလုပ်သမားအရေး
ကူညီဆောင်ရွက်ပေးနေသူ ဦးညွှန့်နှင်းက ပြောသည်။
ကန်ထရိုက်တာ ကုမ္ပဏီနှစ်ခုမှ အလုပ်ရပ်နားမှုအပေါ် လက်မခံနိုင်ဘဲ
အလုပ်ပြန်လည်ခန့်ထားပေးရန်နှင့် အကြောင်းအမျိုးမျိုးကြောင့်
အလုပ်ပြန်မခန့်နိုင်ပါက လုပ်သက်ခံစားခွင့်၊ အလုပ်ရပ်စဲနစ်နာကြေးနှင့်
ကြားကာလ နစ်နာကြေးရရှိရေးအတွက် ကြားနာ စစ်ဆေး ပေးစေလိုကြောင်း
တိုင်းခုံသမာဓိအဖွဲ့ထံသို့ ပေးပို့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ရက်စွဲပါစာအရ
သိရသည်။
ပြီးခဲ့သည့်အပတ်က မြို့နယ်အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ထံ
ပေးပို့တောင်းဆိုသည့်စာတွင် ကုမ္ပဏီမှ အလုပ်ပြန် မခန့်နိုင်ပါက အထက်ပါ
အချက်သုံးချက်အပြင် ခွင့်ခံစားခွင့်၊ ပေးရန်ကျန်နေသေးသည့် လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေး ဆုကြေးငွေနှင့် နှစ်စဉ်အပိုဆုကြေးတို့ကိုပေးရန်
တောင်းဆိုထားသည်။
မြို့နယ်အပြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ ကုမ္ပဏီနှင့်
အလုပ်သမားတို့အကြား ညှိနှိုင်းပေးခဲ့ရာ ခွင့်ခံစားခွင့်၊ လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေး ဆုကြေးငွေနှင့် နှစ်စဉ်အပိုဆုကြေးတို့ကို လက်ခံရန်
သဘောတူခဲ့ကြကြောင်း ဦးညွှန့်နှင်းက ပြောသည်။
“သဘောတူလိုက်တဲ့ အချက်သုံးချက်က ပြီးသွားတဲ့နှစ်အတွက် ပေးရမယ့်ဟာပါ။
အလုပ်ထုတ်တာနဲ့ မဆိုင်ဘူး။ ဒါကြောင့် လက်ခံခဲ့ကြတာ”ဟု ဦးညွှန့်နှင်းက
ရှင်းပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင် အလုပ်သမားများကို ဆက်သွယ်ရန်
ကြိုးစားသော်လည်း တယ်လီဖုန်း ဆက်သွယ်ရေး အခက်အခဲကြောင့်
မဆက်သွယ်နိုင်ခဲ့ပေ။
TOTAL ကုမ္ပဏီ ကန်ထရိုက်တာနှစ်ခုဖြစ်သည့်  UE နှင့် T&E  ကုမ္ပဏီတို့မှ
အလုပ်သမား ၁၁၅ ဦးတို့ကို စာချုပ်သက်တမ်း ဆက်လက် မချုပ်ဆိုတော့ဟုဆိုကာ
၂၀၁၄ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ အလုပ်ရပ်နားခဲ့ခြင်း ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template