Headlines News :
Home » » လာမည့် လဆန်း ဒေသခံအင်အား ၂၀၀၀ ဦး ထားဝယ်စီမံကိန်း ထောက်ခံ ဆန္ဒပြမည်

လာမည့် လဆန်း ဒေသခံအင်အား ၂၀၀၀ ဦး ထားဝယ်စီမံကိန်း ထောက်ခံ ဆန္ဒပြမည်

Written By လွင့်မောင်မောင် on Thursday, January 29, 2015 | 6:14 AM


|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၇

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် နဘုလယ် ဒေသခံ အင်အား ၂၀၀၀ ဦးဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် ဦးရွှေဌေးက ပြောကြားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကို အမြန်ဆုံးဖြစ်စေချင်ပြီး ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ဖြစ်လျှင် ဒေသတစ်လုံးနှင့်
တနင်္သာရီတိုင်းပါ ဖွံဖြိုးတိုးတက်လာမည်ဖြစ်၍ ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

“ရေနက်ဆိပ်ကမ်းဖြစ်လာရင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးပါ အားလုံးအဆင်ပြေလာမယ် လူနေမှု အ ဆင့်အတန်းကအစ အကုန်လုံးမြှင့်မားလာမယ်လို့ ထင်တယ်”ဟု ဦးရွှေဌေးက ဆိုသည်။

အဆိုပါစီမံကိန်းအတွက် အသုံးပြုရန် မြေတိုင်းတာခံထားရသူများက လျှော်ကြေးလိုချင်နေကြပြီး အလုပ်အကိုင်ရရှိရန်အတွက်
မျှော်နေသူများလည်း ရှိသကဲ့သို့ ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်လျှင် လျှပ်စစ်မီးရရှိမည်ဟု မျှော်လင့်ထားသူများ လည်းရှိကြောင်း ဦးရွှေဌေးက ပြောသည်။

“ရေနက်ဆိပ်ကမ်းစီမံကိန်းဝင်လာပြီး ရွာပြောင်းပေးရမယ်ဆိုရင်တော့ မလိုချင်ဘူး”ဟု ထိန်ကြီးကျေးရွာသားတစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်မည့်သူများက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်
နိုင်ရေး - ဒိုအရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား ဖျက်ဆီးသူ - တို့ရန်သူ၊ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်စီမံကိန်း-အောင်ရမည်ဟု ကြွေးကြော်ကာ ထားဝယ် -ကန်ချနပူရီလမ်းအူကြောင်းအပေါ်ရှိ ၄ ကီလို မီတာမှ ၀ ကီလိုမီတာအထိ စစ်ကြောင်း ၄ကြောင်းဖြင့် ချီတက်ကာ ဆန္ဒထုတ်ဖော်မည်ဟု စီစဉ်သူများထံမှ သိရသည်၊

“မည်သူမဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတဲ့အတွက် ဆန္ဒထုတ်ဖော်မှုအပေါ် DDA (ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့) အနေနဲ့ မှတ်ချက် ပေးစရာ မရှိပါဘူး။ ဒါပေမယ့် မေးစရာမေးခွန်းတွေတော့ ရှိတယ်”ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ရန်ကုန် ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ယင်းအဖွဲ့၏ သဘောထားကို ပြောသည်။

စီမံကိန်းထောက်ခံ ဆန္ဒပြသူများအနေဖြင့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ သိနားလည်ခြင်း ရှိမရှိ မေးခွန်းထုတ်လိုပြီး အမှန်တကယ် ရှင်းလင်းစွာသိလျက် ထောက်ခံသည်ဆိုပါက ယင်းအဖွဲ့အနေဖြင့် မှတ်ချက်ပေစရာ မရှိကြောင်းနှင့် ဆန္ဒပြသူများ အနေဖြင့် ထားဝယ်စီမံကိန်းနှင့် ဆက်စပ်ပြီး ရှင်းလင်းရန် ကျန်နေသည့် ပြဿနာများ ကိစ္စ မည်သို့ ဆောင်ရွက်ပေးပါဟု တောင်းဆိုရန် တိကျသည့် အစီအစဉ်ရှိမရှိ သိလိုပြီး ယင်းသို့ မရှိဘဲ စီမံကိန်းကိုသာ ဆက်လုပ်ရန် တောင်းဆိုပါက ပြဿနာများကိုသာ ထပ်ဖြစ်လာစေမည်ဟု မြင်ကြောင်း ယင်းအဖွဲ့က ပြောသည်။

“ထားဝယ်စီမံကိန်းကနေ ဘာအကျိုးကျေးဇူးတွေ မျော်လင့်ထားသလဲလို့လည်း မေးချင်တယ်”ဟု ဦးဘိုဘိုအောင်က ဆိုသည်။

DDA သည် ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး အစဉ်တစိုက် ထောက်ပြဝေဖန်လာသည့် ထားဝယ်အခြေစိုက် အဖွဲ့ဖြစ်ပြီး လက်ရှိ ရပ်နားထားသည့် ထားဝယ်စီမံကိန်းကို ပြန်မစမီ ယခင်ပြဿနာများကို အပြီးသတ်ရှင်းရန် တောင်းဆိုထားသည်။

ထောက်ခံ ဆန္ဒထုတ်ဖော်မည့်သူများက ၀ ကီလိုမီတာ၌ စုဝေးပြီး အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်း စီစဉ်များကိုပါ လုပ်ဆောင် မည်ဟု ၄င်းစီစဉ်သူများက ပြောဆိုသည်။

စစ်ကြောင်းကြီး ၄ကြောင်းဖြစ်သော ဦးဘဆွေစစ်ကြောင်းတွင် ထိန်ကြီး၊ မယင်းကြီး၊ ငပိတက်ကျေးရွာသူရွာသားများ၊  ဦးစိန်ဝင်းစစ်ကြောင်းတွင်  ပရဒတ်၊ ဘ၀ါ၊ ဘ၀ါပင်လယ်ကမ်းခြေနှင့် ထွက်ဝကျေးရွာသူရွာသားများ၊ သူရမချစ်ပိုစစ်ကြောင်းတွင် မူးဒူး၊ရလိုင်၊ ပုဂေါဇွန်း၊ မောင်းချောင်းနှင့် ၀က်ချောင်းကျေးရွာမှ ဒေသခံများ၊ ဗထူးစစ်ကြောင်းတွင် လဲရှောင်နှင့် ဧကနိကျေးရွာမှ ဒေသခံများ ချီတက်ကာ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template