၁၀ မိနစ်ကြာဆွေးနွေးပွဲမှာ ဂျပန်ဓားစာခံ ဟရူနာ ယူက၀ါ (Haruna Yukawa) အသတ်ခံရတဲ့အတွက် အိမ်ဖြူတော်ရဲ့ သဘောထားထုတ်ပြန်ချက်ကို ကျေးဇူးတင်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အခုအကြမ်းဖက်နှိမ်နင်းရေးအတွက်သာမဟုတ်ပဲ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရတဲ့အထိ လက်တွဲဆောင်ရွက်ကြမယ်လို့ နှစ်နိုင်ငံ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
သတင်းထောက် ခန်ဂျီဂိုတိုစံဟာ သူနဲ့အတူ အဖမ်းခံထားရတဲ့ ဟရူနာ ယူက၀ါ ခေါင်းဖြတ် အသတ်ခံထားရတယ်လို့ ထင်ရတဲ့ဓာတ်ပုံကို ကိုင်ပြီး ရိုက်ယူထားတဲ့ဗွီဒီယိုထဲမှာ စစ်သွေးကြွတွေဟာ ပြန်ပေးငွေကို မလိုချင်တော့ကြောင်း၊ ဂျော်ဒန်မှာ သေဒဏ်ကျခံထားရတဲ့ အိုင်အက်စ်အစွန်းရောက် ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အစ်မဖြစ်သူ အီရတ်နိုင်ငံသူ Sajida al-Rishawi ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
Sajida ဟာ ၂၀၀၅ ခုနှစ်က ဂျော်ဒန်နိုင်ငံ အာမန်ဟိုတယ်က မင်္ဂလာဆောင်တခုကို ခင်ပွန်းဖြစ်သူနဲ့ အသေခံဗုံးခွဲခဲ့သူဖြစ်ပြီး လူ ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။ သူမကိုယ်မှာ ပတ်ထားတဲ့ဗုံးက မပေါက်ကွဲပဲ အဖမ်းခံရပြီး သေဒဏ် ကျခံထားသူ ဖြစ်ပါတယ်။
DVB