Headlines News :
Home » » Nuclear Physics ပညာရှင် ဒေါက်တာတင်အောင်နှင့် တွေ့ဆုံခြင်း

Nuclear Physics ပညာရှင် ဒေါက်တာတင်အောင်နှင့် တွေ့ဆုံခြင်း

Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 11:14 PM

“ယူရေနီယံနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဆရာနီးနီးကပ်ကပ်လုပ် ခဲ့တာတောင် Radiation မသင့်ရင် ဦးတေဇ ခဏလေးနဲ့တော့ မသင့်နိုင်ပါဘူး။ ဒရာမာဇာတ်ကားရိုက်တာလားတော့ မသိဘူးပေါ့။”

----- ----- ----- -----
မကြာသေးမီရက်ပိုင်းအတွင်းက ထူးကုမ္ပဏီဥက္ကဋ္ဌဦးတေဇက ယူရေနီယံသတ္တုတမျိုးကိုတွေ့ရှိခဲ့ပြီး ၎င်းကိုယ်တိုင်နှင့် ၀န်ထမ်းအချို့လည်း ရေဒီယိုသတ်္တိကြွဒဏ်သင့်ခဲ့ရတဲ့အကြောင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ပညာရေးလောက မှ နျူကလီးယားရူပဗေဒပညာရှင် ဆရာကြီး ဒေါက်တာတင်အောင်ကို ယူရေနီယံသတ်္တိကြွစက်သင့်တတ်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

  -ယူရေနီယံဓာတ်သတ္တုနဲ့ပတ်သက်ပြီး Radiation သင့် ခံစားရတယ်လို့ ဦးတေဇက ပြောပါတယ်ဆရာ၊ ဘယ်လို အခြေအနေမျိုးမှာ ဒါမျိုးဖြစ်တတ်တာလဲ ဆရာ။

- ယူရေနီယံဆိုတာ နှစ်မျိုးရှိတယ်။ သဘာဝယူရေနီယံ (Natural Uranium)နဲ့ လုပ်ထားတဲ့ Isotope တွေ အများကြီးပေါ့။ နေရာတိုင်းမှာ တွေ့နိုင်တာပါပဲ။ သူက အန္တရာယ်မရှိဘူးလို့တော့ ဆရာ မဆိုလိုပါဘူး။ ဒါပေမဲ့ ဟီရိုရှီးမားတုန်းကတောင် လွတ်တဲ့လူရှိခဲ့ဖူးတယ်။ မြန်မာတယောက်တောင်ပါတယ်လို့ သိရတယ်။ ဆရာ သိပ်မသေချာလို့။ ဂျပန်လူမျိုးထဲကတော့ လွတ်ခဲ့တာရှိတယ်။ ဆရာတို့တွေက ရေဒီယိုသတ်္တိကြွလို့ ပြောလိုက်ရင် ကြောက်ကြတယ်။ သြစတြေးလျမှာ ဆရာတို့ သုတေသနလုပ်ခဲ့ရတုန်းကဆိုရင် အနီးကပ်ပဲ။ ဟိုက်ဒရိုဂျင်ဗုံးထုတ်ခဲ့တဲ့ အက်ဒ၀ပ် တေလာ က ဘာပဲပြောလဲဆိုတော့ သူ Research လုပ်ရင်းနဲ့ ခြေအိတ် အမြဲတမ်းစွပ်ထားတာတောင် မျိုးရိုးဗီဇဆိုင်ရာကိစ္စမှာ ထိခိုက်နိုင်တယ်တဲ့။ သူတဖက်စွန်းကျတယ်လို့ ဆရာထင်တယ်။ သူပြောတာ ဆရာနားနဲ့ဆတ် ဆတ်ကြားခဲ့တာနော်။ Seminar တခုမှာပြောတာ။ အန္တရာယ်မရှိဘူးလို့ ဆရာ မဆိုလိုဘူး။ X-Ray မှာတောင်ရှိတာပဲ။ ကိုယ်ဝန်ဆောင်တွေ ခဏခဏ မရိုက်သင့်ဘူးဆိုတာ။ ဒါပေမဲ့ ချင့်ချင့်ချိန်ချိန်လေးတော့ ရှိရမယ်ပေါ့။
ယူရေနီယံနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဆရာနီးနီးကပ်ကပ်လုပ် ခဲ့တာတောင် Radiation မသင့်ရင် ဦးတေဇ ခဏလေးနဲ့တော့ မသင့်နိုင်ပါဘူး။ ဒရာမာဇာတ်ကားရိုက်တာလားတော့ မသိဘူးပေါ့။

x နေရာတိုင်းမှာ တွေ့နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါ ဦးဆရာ။

- နေရာတိုင်းမှာ တွေ့နိုင်တယ်ဆိုတာက ဟိုမှာ ဆရာ သုတေသနလုပ်တဲ့ အချိန်တုန်းက ဓာတုဗေဒပါမောက္ခဆရာတယောက်ရှိတယ်။ လိုတဲ့ အချက်အလက်ကို ဆရာ သူ့ဆီက အကူအညီယူရတယ်။ အဲဒီမှာ သူက ဘာပြောလဲဆိုတော့ ဒြပ်စင်ဟိုက်ဒရိုဂျင် ၁ ကနေ ယူရေနီယံ ၉၂ အထိ သဘာဝဒြပ်စင်တွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်တဲ့။ မင်းသောက်နေတဲ့ရေထဲမှာတောင် ရေတစက်ထဲမှာ အများကြီးပါတယ်။ အားလုံးနီးပါး ပါတယ်တဲ့။ ဆိုတော့ ယူရေနီယံတွေကို တွေ့မှာပဲ။ ရှိကိုရှိမှာပဲ။ သက်ရောက်မှုကတော့ သူ့မှာ အဆင့်တွေရှိတယ်။ ထိမိတိုင်းဖြစ်တာတော့ မဟုတ်ဘူး။ အခုဦးတေဇမှာ Radiation သင့်နေတယ်ဆိုရင်တော့ Body Count ကို တိုင်းပေါ့။ ဆရာဆိုရင် သူ့ Effect အရ အသက် ၃၀ ကျော်ရင် ကလေးမရနိုင်ဘူးလို့ပြောပေမယ့် ဆရာအသက် ၃၃နှစ်မှ ကလေးယူခဲ့တာ။

x ဒါဆို Radiation သင့်သွားပြီဆိုရင် ဘာတွေဆက်လုပ် ဖို့ လိုအပ်လဲ ဆရာ။

- ဘာဆက်လုပ်ရမလဲဆိုတော့ သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနအောက်မှာ အဲဒါတိုင်းတဲ့ AEC ဌာနဆိုတာရှိတယ်။ အဲဒီမှာ တိုင်းကြည့် ရမယ်။ အဲဒီယူရေနီယံများကိုလည်း AEC ကို ဖို့ရမယ်။ အဲဒီမှာ အက်ဆေးလုပ်တယ်ခေါ်တယ်။ ဘယ်လောက်ပါဝင်မှုရှိလည်းပေါ့။ အဲဒါတွေလုပ် ပြီးပြီလား ဆရာမသိဘူး။ ဆရာတို့ လုပ်ခဲ့တုန်းကဆိုရင် အိတ်ထဲမှာ သက်ရောက်မှုကို တိုင်းတာတဲ့ ဖလင်ပြားလေးတွေရှိတယ်။ နောက် အရေးပေါ်သုံးတဲ့ ဖောင်တိန်လိုမျိုးဟာလည်း ရှိတယ်။ အကာအကွယ်တွေတော့ လုပ်ရတယ်။ အေပရွန်လိုဟာမျိုးပေါ့။ နောက်အမြဲတမ်းံနေူအ့ ဗျငျအညေအ နှစ်ယောက်ရှိတယ်။ တကယ်လို့ဦးတေဇမှာ Radiation သင့်သွားဆိုရင်တောင် ခန္ဓာကိုယ်ထဲမရောက်နိုင်သေးဘူး။ အ၀တ်အစားမှာပဲ ရှိမယ်။ ဒီကွန်လုပ်ရတာပေါ့။ Decontamination ခေါ်တယ်။ Unit တခုရှိတယ်။ ဆရာတို့ မြင်ဖူးတယ် Lab ထဲမှာ လွတ်ကျပြီး ကွဲသွားတာမျိုး။ ချက်ချင်း Chemical တွေဖြန်းပြီးတော့ ရှင်းလိုက်တာပဲ။

x ကျွန်တော်တို့ကြားသိရသလောက်တော့ ဦးတေဇအနေနဲ့ Radiation သင့်တယ်ဆိုတာ သူ့ရဲ့ ဂျပန်က ဆရာဝန်ကပြော တာလို့ဆိုပါတယ်။ အဲဒီအတွက် သောက်ရမဲ့ သောက်ရမယ့် ဆေး ၄ မျိုးရှိတယ်လို့လည်း ပြောပါတယ်။ ဆရာပြောသလိုဆိုရင် . . . ။

- ဆရာတို့ ဟာသလေးကြားဖူးတာတခုရှိတယ်လေ။ ပညာရှင်တယောက်က လူလုပ်တဲ့ စိန်ရပြီဆိုပြီး ပြောခဲ့ဖူးတာ။ အမှန်တော့ သူ့ တပည့်တယောက်က သူ Lab ထဲမှာ စိန်တလုံးသွားထည့်ခဲ့လို့ဆိုပဲ။ အဲဒီပညာရှင်ကတော့ သူလုပ်လို့ စိန်ဖြစ်ပြီဆိုပြီး လျှောက်ပြောတာ။ အခုလည်း ဦးတေဇက အဲဒီလိုဖြစ်နေဦးမယ်။ ဆရာပြောချင်တာက ဒါမျိုးတွေ ချင့်ချင့်ချိန်ချိန်နဲ့ သုံးပါ။ တကယ်ဖြစ်တာဆိုရင်တော့ AEC မှာ သွားစစ်ဆေးပါ။ နောက် ဒီထက်ပိုပြီးသိချင်ရင် ဒေါက်တာကိုကိုဦးတို့ရှိတယ်။ သိပံ္ပနည်းပညာဝန်ကြီး ထင်တယ်။ သူဆို Nuclear Physics မှာ ဆရာတို့ထက် ပိုသိတယ်။ သူ့ကိုလည်း မေးပေါ့။

နဒီ(IR) တွေ့ဆုံမေမြန်းသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template